'' မှတ်မိပါ့ဗျာ... အဆင်ပြေမှာပါ ။ ဒါပဲမောင်ရာ နောက်ကျတော့မယ် ''

'' အင်း ဂရုစိုက်ပြီး လာ ''

'' အာဘွား မွ ''

ဖုန်းကြီးကို နမ်းလိုက်ရသေးသည်။ တစ်နေ့တစ်နေ့ မွ လို့ကို မဝနိုင်ဘူး။

နောက် ရေချိူးကာ အဝတ်အစား သေချာဝတ်ပြီး မီးဖိုချောင်ဘက်ထွက်လာလိုက်သည်။ စားပွဲပေါ်က အပူခံဓာတ်ဘူးလေးထဲက မိုင်ကော်ဖီကို သေချာထိုင်သောက်လိုက်သေးသည်။

အစောကြီးထသွားတာတောင် ဟာကွက်မရှိအောင် ပြင်ဆင်ပေးထားခဲ့သေးတာ။ ဒီလိုကျပြန်တော့ မောင်က သိပ်ချစ်တတ်တာပဲ...

ထိုင်ခုံနောက်မှီကိုမှီချဖို့လုပ်နေရင်းမှ အင်္ကျီ ကြေမှာ စိုးရိမ်ကာ ချက်ချင်းပြန်မတ်ရသည်။ ဒီဝတ်စုံက မောင်ကိုယ်တိုင်သေချာရွေးပေးထားတာလေ ။

မိုင်ကော်ဖီသောက်နေရင်း ညက ခွန်း၏ ပုံစံကို မျက်လုံးထဲ ပြန် မြင်ယောင်လာသည်။

.................

မနေ့ညက......

ခွန်းပုံစံက တစ်ခုခုကို မဝင့်မရဲ ပုံစံ။ သိပ်ကို တိကျပြတ်သားလွန်းတဲ့ခွန်းက ဒီတစ်ခါမှ တစ်ခုခုကိုပြောရန် မရဲတရဲဖြစ်နေပုံရသည်။ ပြီးတော့ သာမန်နေ့တွေထက် ခွန်းက ပိုကပ်နေခဲ့ဖြစ်သည်။ ညနေ အိမ်လာကတည်းက အနားမှာပဲ တဝဲလည်လည်လုပ်နေပြီး တစ်ခုခုကိုပြောရန် ချင့်ချိန်နေသည်။ ညစာ စားပြီးတဲ့အချိန်ထိ ခွန်းက ကပ်နေတုန်း..။ ပြီးတော့ ခွန်းမျက်နှာကလည်း ဝမ်းနည်းသလိုလိုအားနာသလိုလို မျက်နှာထားမျိူးဖြစ်နေသည်။

တိမ်တိုက်လည်း မနေနိုင်တော့ပဲ ညကျ ခြံထဲခေါ်ထုတ်လာကာ ဒန်းပေါ်ထိုင်ရင်း စကားစရသည်။

'' မောင် ပြောစရာရှိနေလားဟင် ''

'' ဟင်.... အင်း... ''

ရုတ်တရက်မို့ ခွန်းကလန့်သွားပုံရကာ သက်ပြင်းလေးခိုးရှိုက်သည်။

'' မောင်ပြောစရာရှိတာပြောလေ...မောင့်ကိုကျွန်တော်ယုံတာ မောင်သိတယ်မလား ''

'' မောင်အခု ပြောပြမှာတွေအတွက် မင်း မောင့်ကိုအထင်မလွဲစေချင်ဘူးတိမ်တိုက်။ အခုမှ ပြောပြတယ်ဆိုတာကလည်း မင်းကို အဲ့ဒါကြီး စိတ်ထဲအကြာကြီးမထည့်စေချင်လို့။ တစ်ခုပဲ မောင် မင်းကို အရမ်းချစ်တာကိုတော့ မင်းယုံပေးပါ။ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now