ငါမချစ်ရင်
နံရံကွယ်နေလည်း မြင်ချင်မြင်တယ်
မပြောလည်း ကြားတယ်
ကမ္ဘာလည်း ပုံမှန်လည်တယ်ငါချစ်ရင်
ငါကိုကြည်ကြည်ပြီး ပြောနေလည်းမကြားဘူး
ဓားနဲပြေးဝင်လာလည်း မမြင်ဘူး-စိုင်းဝင်းမြင့်
စ ချစ်မိတာနဲ့ အရာရာကိုက လွဲတော့တာပဲ။
သူက လိုက်လေ၊ ဟိုက ပြေးလေပဲ။
သူ့မှာ လူကြီးဖမ်းကြီးကို ဖြစ်လို့။ဒီကြားထဲ သူ့မှာ သဝန်က ပြေးပြေးတိုရသေးတယ်။သူက လွဲရင် တစ်လောကလုံးကို ပြုံးပြနေတဲ့ဒဏ်က အလူးအလဲပဲ။
ပထမနှစ်ကနေ တတိယနှစ် ကျောင်းသားတွေထိ P'Build , P'Build ကို ယောက်ျားလေးရော၊ မိန်းကလေးရော ပါးစပ်က မချဘူး။ gender မျှမျှကို တအား အချစ်ခံနေရတာ။
အချိန်ပြည့် ပြုံးရယ်တဲ့ အလေ့အကျင့်ကို သူဟာ ဘယ်လို ရခဲ့လည်း မသိဘူး။
"ဟား...ဟား...ဟား"
ဆိုတဲ့ ရယ်သံဟာ အကွာအဝေး တော်တော်များများမှာ သူ့ဆီကို လာကြားနေရတယ်။
သိပ်လှတာပဲ။
တွန့်တိုစရာပဲ။သူ မကြည်လင်တဲ့သူက ကမ္ဘာမှာ သူတစ်ယောက်ပဲ ရှိသလိုပဲ။
ရှားပါး ကံထူးရှင်လေးပေါ့။
တစ်လောကလုံးကို ချစ်ခင်ပါတယ် သူ တစ်ယောက်ကိုသာ မုန်းပါတယ်ဆိုတဲ့သူကို ချစ်ရတာလည်း ငရဲပဲ။တစ်ပတ်သာ ပြည့်လာတယ်။
ရပ်ကြည့်၊ လှည့်ပြန်၊ ရန်ဖြစ်ကနေ သူ့မှာ မတက်နိုင်ဘူး။ အခြေအနေဟာ တအားကောင်း။ဟိုနေ့ကလည်း နေ့လယ်စာ စားဖို့ canteen မှာ ရိုးရိုးသားသား ထမင်းယူပေးတာကို သူ့သူငယ်ချင်းတွေ ထထွက်သွားလို့တဲ့။
သူကပါ စိတ်ဆိုးပြီး ထွက်သွားသေးတယ်။"ဗြူ"
"ထိုင်"
"မထိုင်ဘူး ဖယ်"
"ဗြူ"
သူ အသံကို မြှင့်လိုက်ပြီး လက်ကောက်ဝတ်ကို အားနဲ့ ဆွဲထားလိုက်တယ်။ အလိုလိုက်လို့ မရတဲ့ ကောင်စားလေးပဲ။
ခန္ဓာကိုယ်က ထိုင်ခုံပေါ် ပြန်ကျပြီး လက်ကောက်ဝတ်ဟာ ရဲတက်လာမှ သတိထားမိတယ်။ သူ ကြောက်အားလန့်အား လွှတ်လိုက်တော့မှ ထမင်းကို အသက်မပါသလို ထိုင်စားနေတဲ့ ကောင်လေးရယ်။
YOU ARE READING
Starseed (short story) Completed
Fanfictionအလင်းနှစ် သန်းပေါင်းများစွာဆီ အတူသွားဖို့အတွက် မင်းက ငါ့ရဲ့ ကြယ်တာရာလေးပဲ