4. 128 squareroot e980

Start from the beginning
                                        

" ပေါင်းနှုတ်မြှောက်စားပါမှ နင်က သင်္ချာထင်တာလား။ ဟ... ဟ... ငတုံး "

" မဟုတ်ဘူးလေ... ဒီမှာ squareroot ထဲက e ရဲ့တန်ဖိုးကိုရှာရမှာလား။ ညီမျှခြင်းက ဘယ်လောက်လဲ မသိပဲဘယ်လိုတွက်ရမလဲ "

" နင်ပဲ သင်္ချာမှာ ဉာဏ်ကြီးရှင်ဆို... ငါက ဘာလို့ပြောရမှာလဲ "

သူမမှာ ထိုစာရွက်ခေါက်လေးထဲက မေးခွန်းတိုတိုလေးကို အဖြေထွက်ဖို့ Logramtham စာအုပ်ကို အမြီးပြန်ခေါင်းပြန်ကြည့်သည်။ အဖြေမရ။ စွမ်းထက်လင်းဆီ လှမ်းကြည့်တော့ ပြုံးစိစိနဲ့ သူမအား လှောင်သလို ပြောင်သလို လုပ်နေသည်။

" မဖြေနိုင်ဘူးမလား။ တစ်ည အချိန်ပေးတယ်... တွက်ခဲ့ "

အဲ့ဒီတုန်းက သူ့မျက်နှာက အပြုံးကို သူမ မှတ်မိသေးသည်။ နင်ငါ့လောက်မတော်ပါဘူးဆိုသည့်လှောင်ပြုံးဟုပဲ သူမ တစ်ချိန်လုံး ထင်နေခဲ့သည်။

အိမ်ရောက်တော့လည်း ထိုသင်္ချာပုစ္ဆာကို ထိုင်စဉ်းစားသည်မှာ အဖြေက လုံးဝထွက်မလာခဲ့။ ဒီလိုနဲ့ တက္ကသိုလ်ကျောင်းသား အကိုဆီ ရောက်သွားကာ...

" ကိုကို.... ဒီပုစ္ဆာ တွက်တတ်လား... "

အင်ဂျင်နီယာကျောင်းသားပါဆို ဒီသင်္ချာပုစ္ဆာသေးသေးလေးလောက်တော့အေးဆေးနေမှာပေါ့...

ပုစ္ဆာကိုပြလိုက်တော့ ကိုကိုက မျက်မှောင်ကြီး ကုပ်ကာ ကြည့်လျက်...

" ဘယ်ကောင်က မေးလိုက်တာလဲ... "

" စွမ်းထက်လင်း... "

ကိုကိုက ပုစ္ဆာကြီးကို စိုက်ကြည့်ကာ အကြာကြီးနေမှ...

" ညီမလေး ပုစ္ဆာကြီးက မှားနေတာလေ။ သင်္ချာ ပုစ္ဆာတစ်ပုဒ်ဖြစ်ဖို့ အင်္ဂါရပ်တွေအများကြီးလိုသေးတယ်... ညီမျှခြင်း ပုစ္ဆာလား။ သက်သေပြခိုင်းတာလား ဘာလဲ။ တစ်ခုခုပေါ့။ e တန်ဖိုးကို ရှာခိုင်းတာဆိုလည်း ဆက်သွယ်ချက် တစ်ခုခုလိုသေးတယ်... "

" ဟုတ်လို့လား... အစွမ်းကလေးက ဒီပုစ္ဆာမဖြေနိုင်ရင် အမီးကို ငတုံးလို့ သတ်မှတ်မှာ... "

" အဲ့ဒါဆို အဲ့ကောင်ကို ပြန်ပြောလိုက်။ နင့်ပုစ္ဆာကမှားနေတာလို့... နင်ကမှ ငတုံးလို့... "

128 squareroot e980: A Maths I Can't Solve And A Love I Can't Catch.Where stories live. Discover now