၄။ 128 squareroot e980
" အစွမ်းကလေးရေ.... "
" ဘာလဲ... "
" ဆရာမကတဲ့.... အိုလံပစ်သင်္ချာပြိုင်ပွဲဖို့ ငါ့ကို ရွေးလိုက်တယ်တဲ့...."
" ဩ.... "
" နင်အားကျနေတယ်မလား.... ဟား ဟား။ ဝန်ခံလိုက်စမ်းပါ... သင်္ချာမှာ ငါ့ကိုကျော်နိုင်မယ့်လူမရှိဘူး။ စိတ်မကောင်းမဖြစ်နဲ့နော် သိလား... အစွမ်းကလေး "
" လေးလုံးမ... နင်တစ်ယောက်ထဲ ပညာရည်ချွန်သွားဖြေရမှာမဟုတ်ဘူး။ ငါလည်း အင်္ဂလိပ်စာထူးချွန်သွားဖြေရမှာ လာကြွားမနေနဲ့.... သွားသွား။ နားညီးတယ် "
အေးဂျူလိုင်ထွန်း စပ်ဖြဲဖြဲနဲ့ သူ့အနားက မထသေးပဲ...
" နင်လည်း သင်္ချာဖြေချင်တာမလား။ အင်္ဂလိပ်စာ မကြိုက်ဘူးမလား... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ။ သင်္ချာမှာ ငါက နင့်ထက်တော်နေတာဆိုတော့လေ... "
ရှုပ်ပွနေသည့် သူမခေါင်းကို သူက လက်ညှိုးနဲ့ တွန်းလွှတ်ပြီး...
" နင်က ငါ့ထက် သင်္ချာတော်လို့မဟုတ်ပဲ.... နင်တော်တာ သင်္ချာတစ်ခုပဲရှိလို့။ ငါကတော့ ဘက်စုံတော်လို့.... နင့်ကို အိုလံပစ်သင်္ချာအဖြေခိုင်းလိုက်ရတာ... နားလည်ပြီလား လေးလုံးမ "
" ဟက်.... ငါပြောတာကို လက်မခံရင် ပြိုင်မလား။ ငါပေးတဲ့ သင်္ချာပုစ္ဆာကို နင်ဖြေနိုင်ရင် ငါလက်ခံမယ်... "
စွမ်းထက်လင်းက ခေါင်းခါပြီး...
" နင်ပေတဲ့ ပုစ္ဆာတွက်ရအောင် အချိန်မရှိဘူး။ ငါပေးတဲ့ ပုစ္ဆာ နင်တွက်ကြည့်လေ။ နင်တွက်နိုင်ရင်နင်ပြောတာ ငါလက်ခံမယ်။ နင်က ငါ့ထက် သင်္ချာတော်တယ်ဆိုတာကို... "
" ဘာလဲ.... ဘာလဲ။ ပေးစမ်း... "
စွမ်းထက်လင်းက ချက်ချင်းပဲ စာရွက်ခေါက်သေးသေးလေး သူမအား ကွန်ပါဘူးထဲက ထုတ်ကာပေးသည်။
128 squareroot e980
" လက်ရေးကလည်း စုတ်ပြတ်သတ်နေတာပဲ "
" ငါ့ကိုပြောမနေပဲ နင်သာ အဖြေမှန်အောင် တွက်ခဲ့ "
" ဟဲ့.... ပုစ္ဆာက အဲ့လောက်တိုလား။ နောက်ပြီး ပေါင်းနှုတ်မြှောက်စားလည် မပါဘူး "
VOUS LISEZ
128 squareroot e980: A Maths I Can't Solve And A Love I Can't Catch.
Roman d'amourZawgyi code is below. High school love story. She couldn't solve a maths so she missed a love.
