၂။ ချော့ကလက်ရေစက်
" သူငါ့ကို အကြွေးတင်နေတာလေ... "
ထိုစကားကို စွမ်းထက်လင်းက သူ့သူငယ်ချင်းများအား ပြောပြနေခြင်းဖြစ်သည်။
" သူငါ့ကို ကျွန်ပြုထားတာလေ "
ထိုစကားကိုတော့ အေးဂျူလိုင်ထွန်းက စွမ်းထက်လင်းအားကြိုက်သည့် မိန်းကလေးတွေကို ပြောပြနေခြင်းဖြစ်သည်။
အားလုံးက အေးဂျူလိုင်ထွန်းနှင့် စွမ်းထက်လင်းတို့ ဒီလောက်နှစ်တွေအကြာကြီး မတည့်အတူနေခင်မင်လာကြသည့်အကြောင်းရင်းကို သိချင်ကြသောကြောင့် မေးမြန်းရာက ထိုအဖြေများ ပြန်ဖြေကြခြင်းဖြစ်သည်။ သူတို့ချင်း တစ်နေရာစီမှာ တစ်ဖွဲ့စီ စကားပြောနေကြပေမယ့် အဖြေကတော့ တစ်ခုတည်း တူနေကြသည်။
" ဘာအကြွေးလဲ။ ဘယ်တုန်းကလဲ... အေးဂျူအစား ငါတို့ဆပ်ပေးရမလား... "
ကောင်မလေးတွေက အသည်းအသန်...
" ငါတို့ ၆တန်းတုန်းက... "
ထိုစကားကတော့ ယောက်ျားလေးများ စကားဝိုင်းမှာ စွမ်းထက်လင်းပြောလိုက်ခြင်း။
" ချောကလက်တစ်ခု... "
" ဟမ်.... "
အေးဂျူလိုင်ထွန်းနားဝိုင်းနေကြသည့် မိန်းကလေးများက ချောကလက်တစ်ခုဆိုသည့် သူမအဖြေကို နားမလည်နိုင်သလို အူကြောင်ကြောင်လေးတွေ ဖြစ်ကုန်ကြသည်။ သူမနှင့် စွမ်းထက်လင်းတို့၏ ခင်မင်မှုသည် အူကြောင်ကြောင်အခြေနေတစ်ခုဖြင့် စတင်ခဲ့သည့်အကြောင်း အားလုံးနားလည်အောင် ပြောပြရမည်ဆိုလျင်...
" ငါတို့ ၆တန်းတုန်းကကွာ... အဲ့ဒီနေ့က ချစ်သူများနေ့... "
စွမ်းထက်လင်းနှင့် အေးဂျူလိုင်ထွန်းတို့ ဆဋ္ဌမတန်းနှစ်။ ချစ်သူများနေ့...
ချစ်သူများနေ့ဖြစ်သည့်အကြောင်းတောင် နောက်မှ သူပြောပြလို့ သိခဲ့ရသည်။ ထိုနေ့က အေးဂျူလိုင်ထွန်းအသင်းကျသည့်နေ့ဖြစ်သည်။ စွမ်းထက်လင်းနှင့် သူမတို့ တစ်သင်းထဲအတူကျသော်လည်း ကျောင်းပိတ်ခါနီးထိ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးပေ။
YOU ARE READING
128 squareroot e980: A Maths I Can't Solve And A Love I Can't Catch.
RomanceZawgyi code is below. High school love story. She couldn't solve a maths so she missed a love.
