16. ပစ္စည်း ဥစ္စာများ

Start from the beginning
                                    

အရင်လူရဲ့ မှတ်စုထဲမှာ သူ့အဖိုး​တွေအ​ကြောင်း နည်းနည်း​လေးပဲ​ရေးထားသည် ။

' အဖိုး​တို့က ငါ့ကို မကြိုက်တဲ့ ပုံပဲ '

' အ​ဖေ နဲ့ အဖိုးတို့က ငါ့​ကြောင့် ရန်ဖြစ်​နေကြတယ် ၊ငါ့ကို အဖိုးတို့သ​ဘောကျလာ​အောင် ဘယ်လိုလုပ်ရမလဲ? ငါ​ လိမ်လိမ်မာမာ​နေရမယ် '

ရှဲ့စန်းက လူကြီးနှစ်​ယောက်ကို မျက်နှာ​သေနဲ့ ကြည့်လိုက်ပြီး အထဲဝင်လို့ရ​အောင် ​အနောက်နည်းနည်းဆုတ်​ပေးလိုက်သည် ။

" တစ်ခုခု​ပြောစရာရှိတယ်ဆိုရင် ​ကျေးဇူးပြုပြီး အထဲမှာ လာထိုင်ပြီး ​ပြောပါ "

အဖိုးရှဲ့နဲ့ ဖိုးဖိုးရှဲ့ တစ်​ယောက်နဲ့တစ်​ယောက် ကြည့်လိုက်ပြီး နှစ်​ယောက်စလုံးရဲ့ မျက်လုံးမှာ အံ့အားသင့်မှု​တွေ ဖြတ်​ပြေးသွားသည်။ ဒီ မျက်ဖြူဝံပု​လွေက အရင်ကနဲ့ မတူ​တော့ဘူးလို့ ဘာ​ကြောင့်ခံစားမိ​နေတာလဲ ?

သုံး​ယောက်စလုံး ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြသည် ၊ရှဲ့စန်း သူတို့ကို လက်ဖက်ရည်ထည့်​ပေးပြီး

" ​တောင်းပန်ပါတယ် ကျွန်​တော် အခုမှ အိပ်ရာကနိုးပြီး ရှုပ်​ထွေး​နေလို့ပါ ။ဒီ​နေ့ ဘာ​ကြောင့် ဒီကို ​ရောက်လာတာလဲ "

အဖိုးရှဲ့ က လည်​ချောင်းရှင်းလိုက်ပြီး ​လေး​လေးနက်နက်နဲ့ ​ပြောလာသည် ။

" မင်းရဲ့ ​မွေးစားမိဘ​တွေ ဆုံးသွားတာ ၃နှစ်ရှိ​နေပြီ။ ဒီနှစ်​တွေမှာ ငါတို့လည်းဝမ်းနည်းပြီး သူတို့ကျန်ခဲ့တဲ့ ပစ္စည်းစာရင်း ပြည့်ပြည့်စုံစုံ ဖြစ်​အောင် မလုပ်ရ​သေးဘူး၊ အခု မင်းလည်း အရွယ်​ရောက်ပြီဆို​တော့ အ​မွေခွဲ​ပေးရ​အောင် လာခဲ့တာ "

အရင်လူရဲ့ လက်ကျန်​ငွေကို ကြည့်လိုက်​မိတော့ နှုတ်ခမ်း တင်းတင်း​စေ့သွားပြီး " အ​ဖေတို့က ကျွန်​တော့် အတွက် ဘာမှမထားခဲ့ဘူး "

" သူတို့ စု​ဆောင်းထားတာ ဘာမှမရှိဘူးဆိုတာ ငါသိပါတယ် " " ပိုက်ဆံက လွန်ခဲ့တဲ့ ၃နှစ်ကတည်းက စာရင်းရှင်းပြီးသားပါ ။သူတို့စု​ဆောင်းထားတာ​တွေကို ​ပြော​နေတာ မဟုတ်ပါဘူး "

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now