မုန်းတယ် ဆိုတဲ့စကားနဲ့ မုန်းသေးတယ်ဆိုတဲ့
စကားနှစ်ခုက သိပ်ပြီးကွဲပြားတာပဲဆိုတာ
ကလေးမသိပေဘူးလား.....မုန်းသေးတယ်ဆို
တော့ တချိန်စိတ်ပြေနိင်သည်ပေါ့။

ကားကိုဖြည်းဖြည်းပုံမှန်မောင်းနေရင်း ဘေး
နားက ထိုင်နေတဲ့ကလေးကို အကဲခတ်ကြည့်
မိတော့ ကားမှန်ပြတင်းဝဘက်သို့ ခပ်ငေး
ငေးစောင်းငဲ့ကြည့်ရင်း နှစ်ကိုယ်ကြားအတွေ့
အထိတွေ စကားပြောဆိုပုံကအစ ခပ်စိမ်းစိမ်းလေအေးတွေ တိုက်ခတ်နေ၏။

တဖန်တိတ်ဆိတ်သွားတဲ့ သူစိမ်းပြင်ပြင်အေး
စက်နေပုံက အောက်ဆီဂျင်မရှိသည့် လေ
ဟာနယ်တစ်ခုလိုပင်။

တိုးတိုးညင်သာတဲ့ ချွဲသံပလုံစီ အသံလေးတွေတောင် ငြိမ်သက်အိပ်စက်နေပါ၏။

"ကလေး....အရင်ဆုံးဘယ်သွားမလဲ၊ဘာစား
မလဲကောတွေးပြီးပြီလား"

"ကိုကိုစိတ်ဆန္ဒရှိတဲ့နေရာသာသွားပါ၊ နိူင်းက
ဘာဖြစ်ဖြစ်ရတယ်...နိူင်း ညီးစီစီကြီးဖြစ်နေ
လို့"

ရွှင်လန်းမြူးကြွတဲ့အသံလေးတွေပျောက်
ဆုံးကာ သက်ပြင်းခပ်ရဲ့ရဲ့ခိုးချလိုက်တဲ့က
လေးကြောင့် အနည်းငယ်ခံပြင်းမူတွေဖြစ်
လာ၏။

သူမရှိတဲ့အချိန်အတိုင်းအတာလေးမှာ ကလေးရဲ့စိတ်ကို ဘယ်နတ်သိကြားတွေက
များပြောင်းလဲလိုက်တာလဲကွာ။

ကိုကိုတို့ အမြန်လက်ထပ်ဖို့လိုနေပြီကလေး။

"တီ...တီ"

ရုတ်တရက် ဖုန်းလာနေတာကြောင့် ကလေး
ကိုတစ်ချက် စောင်းငဲ့ကြည့်ပြီးဖုန်းကိုင်လိုက်
လေသည်။

"ဘာ....အရေးကြီးကိစ္စ၊ အခုလား"

"........"

"မင်းတို့ဘက်ကကြည့်ကြပ်လုပ်လို့မရဘူး
လား...ငါအခုလာမှဖြစ်မှာလား"

".........."

"Shit! ပြသနာပဲ...တောက်!"

စိတ်မကြည့်သည့် အခံရှိနေသည်မို့ အရေးတ
ကြီးကုမ္မဏီကိုပြန်သွားရမည်ဆိုသောကြောင့်
ပို၍စိတ်တိုမိ၏။ ကလေးနဲ့အတူပျော်ဖို့ထွက်
လာခဲ့ရာမှ တစ်ခုမှအချိုးမပြေ၊စိတ်တိုင်းကျ
မူမရှိလှ...ဒေါသထွက်စရာတွေပင်စုပြုံနေမိ
၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now