Chenleအားကြည့်ကာ အရိပ်အမြွတ်ပြောနေပေမဲ့ အဓိပ္ပါယ်ကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ် ကိုကြီး ..
" ကိုယ်ကတိတည်ပါတယ်နော် ငယ် .. မင်းမိသားစုကို ပြိုကွဲအောင် ကိုယ်မလုပ်ရက်ပါဘူး .. ဒီစာအိတ်လေးကို မင်းအဖေကို ပေးပေးပါ .. Na Jaemin အတွက် ကိုယ့်ရဲ့နောက်ဆုံးလက်ဆောင်လို့ပြောပေးပါ .. ကိုယ်သွားပြီ ငယ် "
ပြုံးကာကျောခိုင်းသွားတဲ့ ကိုကြီးရဲ့ကျောပြင်အား ဖမ်းယူဆုတ်ကိုင်နိုင်ဖို့ လက်လှမ်းလိုက်ပေမဲ့ Chenle ကလှမ်းဆွဲကာ ခေါင်းခါပြလေသည် ..
" သူ့ကိုလွှတ်ပေးလိုက်ပါ "
" Chenle ငါ "
" သူ့မျက်ဝန်းတွေထဲမှာ ဘယ်သူရှိတယ်ဆိုတဲ့ အဖြေကို မင်းသိနေပြီးသားပဲ Jisung .. မင်းအတ္တအတွက် သူ့ကိုဆွဲထားလိုက်ရင် သူ့ကို အန်ကယ် Lee အနားမှာ ဝဋ်ကြွေးခံခိုင်းသလို ဖြစ်မနေဘူးလား .. သူ့အချစ်ကို သူပိုင်ဆိုင်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ မင်းအတွက် သူနောက်ဆုတ်ပေးသွားတာကို မင်းသိတယ်ဆိုရင် မင်းသူ့ကို တားဖို့မကြိုးစားသင့်ဘူး Jisung "
" ငါအတ္တတွေ အရမ်းကြီးမိသွားပြီလား Chenle "
" မဟုတ်ဘူး "
" မင်းကိုကျေးဇူးတင်ပါတယ် Chenle.. ငါ့အနားမှာ အမြဲရှိနေပေးလို့ ကျေးဇူးတင်ပါတယ် "
" ငါတို့ကြားမှာ ကျေးဇူးဆိုတာ မလိုအပ်တဲ့ အပိုစာသားတစ်ခုပဲလေ Jisung "
နာကျင်ချိန်တိုင်းမှာ အနွေးထွေးဆုံး ရင်ခွင်တစ်ခုဖြစ်တည်ပေးလို့ မင်းကိုအများကြီးကျေးဇူးတင်ပါတယ် Chenle ..
-
ငါမင်းကိုချစ်ခဲ့တယ်လို့များ ထင်နေလား ...
မဟုတ်ဘူး မင်းညာနေတာ ...
မင်းငါ့ကိုညာနေတာ ...
" ခွမ်း "
ဒေါသနှင့်ပစ်ပေါက်လိုက်တဲ့ ဖန်ခွက်က ကြမ်းပြင်ထက်မှာ ကွဲကြေလို့ ..
" ဒယ်ဒီ "
" ဖယ်စမ်းကွာ "
" ဒယ်ဒီ တော်ပါတော့ .. နေ့နေ့ညည အရက်တွေသောက်နေတာ ဘယ်နှစ်ရက် ဘယ်နှစ်လရှိနေပြီလဲ .. ဒီလိုသာဆက်သောက်နေရင် ဒယ်ဒီလဲသွားလိမ့်မယ် "
YOU ARE READING
💢Mistake💢
FanfictionUnicode :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... Zawgyi :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... NoMin ft :: RenSung
💢final part💢
Start from the beginning
