💢final part💢

670 55 12
                                        

Unicode 💢

ပစ္စည်းတွေ သိမ်းဆည်းနေသည့်အနား ခပ်ထွေထွေလေးထိုင်ကာ ငြိမ်သက်နေသည့် သားအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သားအနာဂတ်အတွက် Appaပြတ်သားရလိမ့်မယ် ..

Laggageအားဆွဲကိုင်ကာ အခန်းထဲက ထွက်ဖို့ပြင်မှ သားအသံခပ်တိုးတိုးထွက်လို့လာသည် ။

" Appa "

လှမ်းနေတဲ့ခြေလှမ်းတို့အား ရပ်တန့်ပစ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သားကရင်ခွင်ထဲတိုးဝင်ကာ ငိုကြွေးလို့လာသည် ။

" သား "

" မသွားပါနဲ့ "

" မင်းယောက်ျားမဟုတ်ဘူးလား Jisung .. ဘာလို့ငိုတာလဲ "

" Appaကရော ဘာလို့ငိုတာလဲ "

သားအမေးအတွက် အဖြေဟာရှိလို့မနေခဲ့ ..

" ကျွန်တော့်ကိုမထားခဲ့ပါနဲ့ "

" Jisungလေး Appaပြောတာကို သေချာနားထောင်စမ်း .. Appaက အခု ဒယ်ဒီနဲ့လမ်းခွဲလိုက်ပြီလေ .. Appa ဒီမှာဆက်ရှိနေလို့မရတော့ဘူး .. ရှေ့လျှောက် သားက ဒယ်ဒီ့စကားကို နားထောင်ပြီး လိမ်လ်ိမ်မာမာနေရမယ်နော် ကြားလား "

" ဒယ်ဒီ့ကိုမုန်းတယ် "

" အဲ့လိုမပြောရဘူးလေ .. ဒယ်ဒီက သားအပေါ်အများကြီးကောင်းပေးတာကို .. Appaမရှိလည်း အဆင်ပြေအောင်နေရမယ်နော် .. ထမင်းကောင်းကောင်းစားပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး ဒယ်ဒီ့ကိုလည်း "

ပြောနေရင်း စကားသံတွေဟာ ဝမ်းနည်းစိတ်ကြောင့် ထွက်၍မလာတော့တာမို့ သားရှေ့မှာ မငိုမိခင် အိမ်ထဲကနေ ခပ်သုတ်သုတ် လှမ်းထွက်ခဲ့တော့ သားကနေရာမှာ ငိုရင်းကျန်ခဲ့လေသည် ။

ကားနောက်ခန်းတံခါးအားဖွင့်ကာ Laggage ကိုတင်နေတုန်း ..

" နောက်ဆုံးတော့လည်း ဒီနေရာနဲ့ တကယ်မသက်ဆိုင်တော့ဘူးပဲ "

တမင်တကာလာရိနေသည့် Renjunကြောင့် ကားတံခါးကိုဆောင့်ပိတ်၍ အတောက်ပဆုံးပြုံးကာ မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် လှည့်လိုက်ပြီး ..

" ငါ့နေရာကို လိုချင်တဲ့သူရှိနေတော့လည်း သဘောထားကြီးကြီးနဲ့ဖယ်ပေးရမှာပေါ့ "

💢Mistake💢Where stories live. Discover now