ခွန်အားအပြည့်နဲ့ ကမ်းလင့်နေသည့် လက်တစ်စုံအားဆွဲကိုင်ကာ အရာရာကိုရင်ဆိုင်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြီ ..
မင်းကငါ့အတွက် သန်းခေါင်းယံညမှာ ထွန်းလင်းနေတဲ့ ကြယ် ..
ငါ့အတွက် တစ်ခုတည်းသော လမ်းပြကြယ် ...
ဘာစကားအပိုမှမဆိုပဲ ငြိမ်သက်စွာ ရပ်နေတဲ့ ကျွန်တော့်ကို ခပ်ဖျော့ဖျော့အပြုံးတွေနဲ့ ပြုံးပြနေတဲ့ သူ ...
ဟန်ဆောင်ကောင်းလိုက်တာလို့ မဝေဖန်ချင်တော့ပေမဲ့ ခင်ဗျားက နောက်ဆုံးအချိန်အထိ ဟန်ဆောင်ကောင်းလွန်းခဲ့ပြန်တယ် ..
" အဆင်ပြေရဲ့လား "
ခင်ဗျားကြောင့် ကျွန်တော့်ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတာတောင် ဘာမှမဖြစ်သလို ခင်ဗျားမေးထွက်ရက်သေးတာလား ...
" အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် .. အခုအချိန်မှာ မင်းကိုယ့်ကို စကားမပြောချင်မှန်း ကိုယ်သိပါတယ် .. အခုကိုယ်မင်းကိုတွေ့ခွင့်တောင်းတယ်ဆိုတာကလည်း ကိုယ်မင်းကိုနှုတ်ဆက်ချင်လို့ပါ "
နှုတ်ဆက်မယ် ...
မုန်းတက်အောင် ရက်စက်ခဲ့ပြီးမှ နှုတ်ဆက်မယ်တဲ့လား ...
ထွက်သွားချင်ရင် ကိုယ့်သဘောနဲ့ ကိုယ်ထွက်သွားလို့ရရဲ့သားနဲ့ ..
တစ်ဖက်လူနာကျင်ရအောင် နှုတ်ဆက်ချင်သေးတာလား ...
" ကိုယ် ဒီညflightနဲ့ Chinaကို ပြန်တော့မှာမို့လို့ .. ငယ့်ကိုကိုယ်မနှုတ်ဆက်လိုက်ရမှာစိုးလို့ .. ပြီးတော့ "
ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုက အသိတရားရဲ့တားမြစ်မှုကို တွန်းကန်ကာ ကျွန်တော် ကိုကြီးကိုဖက်တွယ်ခဲ့ပြီးပြီ ..
" ကိုယ့်ကိုခွင့်လွှတ်ပါ ငယ် "
" ချစ်တယ် "
" ချစ်တယ် .. "
" ဟုတ်တယ် .. ကျွန်တော် ကိုကြီးကိုအရမ်းချစ်တယ် "
" ငယ် .. မင်းကအရမ်းငယ်ပါသေးတယ် .. အချစ်ဆိုတာ ပိုင်ဆိုင်ရခြင်းမဟုတ်ဘူးဆိုတာ မင်းတစ်နေ့သိလာပါလိမ့်မယ် .. ပြီးတော့ ငယ် .. တစ်ချို့အရာတွေကို မြင်အောင်ကြည့်တတ်ဖို့ မင်းကြိုးစားပါ .. တစ်ချို့သောချစ်ခြင်းတွေက မင်းဘေးမှာ လေးလေးနက်နက်နဲ့ရှင်သန်နေတယ်ဆိုတာ မင်းမြင်အောင်ကြည့်တတ်မှရမှာ .. အနားမှာအမြဲရှိပေးနေခဲ့ပြီးမှ နောက်ဆုံးအရွေးချယ်မခံရတဲ့အခါ အရမ်းနာကျင်ရတယ် ငယ် .. အဲ့နာကျင်မှုက ကိုယ်တစ်ယောက်နဲ့တင် လုံလောက်ပြီမို့ အခြားလူကို ထပ်မဖြစ်စေချင်ဘူး "
ESTÁS LEYENDO
💢Mistake💢
FanfictionUnicode :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... Zawgyi :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... NoMin ft :: RenSung
💢final part💢
Comenzar desde el principio
