💢final part💢

En başından başla
                                        

" ဘယ်သူမပြု မိမိမှုလေ Jeno .. မင်းစိတ်သာ ခိုင်မာခဲ့ရင် ဒီလိုကိစ္စမျိုးရှိလာမှာမဟုတ်ဘူး .. မင်းကလွယ်လွန်းတယ် Jeno .. ငါကအဲ့လိုလူမျိုးကို အထင်ကိုမကြီးဘူး "

" Renjun "

" ငါပြောတာမှားလို့လား "

" မင်းကစောက်ရမ်းမုန်းဖို့ကောင်တဲ့အကောင်ပဲ "

မချိတင်ကဲရေရွတ်ကာ ခြေလှမ်းကျဲများနှင့် လှမ်းထွက်သွားသည့် Jenoကျောပြင်အားကြည့်ကာ ဆိုဖာပေါ်ပစ်လှဲပြီး ခြောက်ကပ်စွာ ရယ်မောပစ်လိုက်သည် ။

အမုန်း ..

မင်းတစ်ဘဝလုံးသာ ငါ့ကိုမုန်းပစ်လိုက်စမ်းပါ Jenoရာ ...

-

မကျယ်ဝန်းပါသော ရင်ခွင်တစ်ခုဟာ ခိုဝင်ငိုကြွေးဖို့အတွက်တော့ လုံလောက်ပါတယ် ..

" Jisung ah .. ငါရှိတယ်လေ "

" Chenle ငါဘာလုပ်ရမလဲ .. Appaက ငါတို့ကိုထားခဲ့ပြီ .. ဒယ်ဒီကလည်း .. "

" ငါတစ်ယောက်လုံး မင်းဘေးမှာရှိပါသေးတယ် .. ဘယ်သူမှမရှိရင်တောင် မင်းဘေးမှာ ငါရှိတယ်နော် "

အတင်းအကြပ်ဆုံးထွေးပွေ့ကာ နှစ်သိမ့်နေတဲ့ Chenleကသာ အခုအချိန်မှာ ကျွန်တော့်အတွက် တစ်ခုတည်းသော နားခိုရာ ..

တစ်ခါတစ်ရံ လူကြီးတွေရဲ့ ပဋိပက္ခကြားမှာ အပြစ်မဲ့တဲ့ကလေးတွေဟာ မြေစာပင်ဖြစ်ကြရတယ် ..

နွေးထွေးမှုတွေ မေတ္တာတရားတွေ အရာအားလုံးကို ဆုံးရှုံးကြရတယ် ..

အခန်းထောင့်မှာ ကြိတ်ငိုရင်း ဘာဆိုဘာမှ ပြောပိုင်ခွင့်မရှိတဲ့ဘဝမှာ ဘယ်သူနဲ့ဆိုင်လို့ ဘယ်သူ့ကိုတိုင်ရမှာလဲ ..

Ting..Tone!!

" ဟိုလူကြီးဆီက message ဝင်လာတာ Jisung "

" ဖုန်းပိတ်လိုက်Chenle "

" ခဏလောက်အပြင်ထွက်ခဲ့ပါလားတဲ့ .. မင်းထွက်တွေ့ပြီး အပြတ်ပြောသင့်တယ် Jisung "

" ငါသူ့ကိုမတွေ့ချင်ဘူး Chenle "

" ဘာပဲဖြစ်ဖြစ် မင်းစိတ်ထဲရှိသမျှတွေအကုန် သူ့အပေါ်ပုံချလိုက်ရင် မင်းနည်းနည်းတော့ စိတ်ပေါ့သွားလိမ့်မယ်လို့ ငါထင်တယ် .. ငါရှိတာပဲကွာ .. ဘာပဲဖြစ်ဖြစ် ငါတို့အတူရင်ဆိုင်ရအောင် Jisung "

💢Mistake💢Hikayelerin yaşadığı yer. Şimdi keşfedin