💢final part💢

Start from the beginning
                                        

လက်ကိုဆွဲပြီး ပြေးထွက်ခဲ့တဲ့ လမ်းပေါင်းများစွာ ..

ကြိမ်ဖန်များစွာ တိုးဝင်ခဲ့ဖူးတဲ့ မင်းရင်ခွင်ကို ငါမလွမ်းဘူးလို့များ မင်းထင်နေသလား ...

ငါ့အတွက် Na Jaemin ကို တောင်းပန်ခိုင်းခဲ့တဲ့ မင်းကိုငါကြွေခဲ့ရတာ ...

Barက special roomရဲ့ မှိန်ပြပြမီးရောင်တွေကြား နှစ်ယောက်တည်းရှိခဲ့ချိန်မှာ ငါမင်းကိုရူးသွပ်မိသွားတာ ...

ငါ့ကိုမင်းဘေးမှာထားတယ် ...

ငါ့ကိုပိုင်စိုးပိုင်နင်းသဝန်တွေတိုတယ် ...

ပြဿနာတွေရှာတယ် ...

မင်းကျတော့ ...

မင်းကတော့ Na Jaemin ရှိရာအရပ်ကိုရှာတယ် ...

အမုန်းဆိုတဲ့ခေါင်းစဉ်ကိုလွှင့်ပစ်ပြီး သနားချစ်နဲ့ မင်းရဲ့ချစ်သူအဖြစ် တရားဝင်အပ်နှင်းခဲ့တယ် ..

ငါကရော ဘာလဲ ..

မင်းအကြိမ်ကြိမ် သဝန်တိုခဲ့တဲ့ငါက မင်းအတွက်ဘာလဲ ..

Na Jaemin ကို လိုချင်လို့ ငါ့ကိုဘေးချိတ်ခဲ့တဲ့ မင်းက အခု ငါ့ကိုလိုချင်လို Na Jaemin ကို စွန့်ပစ်ပြန်တယ် ..

မင်းကဘာလဲ Jeno ..

မင်းစိတ်ကဘာလဲ ..

" Renjunငါမေးနေတယ်လေ "

" ဟုတ်တယ် .. မင်းကိုငါဘယ်တုန်းကမှ မချစ်ခဲ့ဘူး .. ငါအခု မင်းတို့ရှေ့မှာ ပြန်ပေါ်လာတယ်ဆိုတာ Na Jaemin ကို အနိုင်ယူချင်ယုံသက်သက်ပဲ .. မင်းကိုယ်မင်းသိပ်အထင်ကြီးလွန်းမနေနဲ့ "

" Renjun မင်း ဘယ်လိုတောင် .. ဘယ်လိုလုပ်ပြီး လုပ်ရက်ရတာလဲ "

" Huang Renjun က အဲ့လိုပဲဆိုတာ မင်းအစကတည်းက မသိခဲ့ဘူးလား .. ငါကငါ့ကိုတစ်ချက်ထိရင် နှစ်ချက်ပြန်လုပ်ရမှ ကျေနပ်တဲ့လူမျိုးဆိုတာ မင်းမသိဘူးလား "

" ကြောက်စရာကောင်းလိုက်တာ .. Renjun မင်းစိတ်က အဲ့လောက်အထိဆိုးတယ်ဆိုတာ ငါတကယ်မယုံနိုင်ဘူး .. "

" နောင်တရနေတာလား "

" အစကတည်းက မင်းတာဝန်မယူနိုင်ဘူးဆိုရင်လည်း ဘာလို့ငါ့မိသားစုကိုဖျက်ဆီးတာလဲ "

💢Mistake💢Where stories live. Discover now