💢final part💢

Start from the beginning
                                        

" Renjun မင်းဘာကိုပြောချင်မှန်း ငါနားမလည်ဘူး "

" ငါမင်းကိုတည့်ပဲပြောမယ် Lee Jeno .. ငါကသူများအကျကို တယုတယကောက်နမ်းမယ့် ခပ်ညံ့ညံ့ကောင်စားမဟုတ်ဘူး "

" Renjun မင်းငါ့ကိုနောက်နေတာလား .. ဒါကမရယ်ရဘူးနော် "

ဘောင်းဘီအိတ်ကပ်ထဲရှိ passport အားထုတ်ကာ မျက်ရည်တွေရစ်သိုင်းနေသည့်ကြားက ခြောက်ကပ်ကပ်ရယ်မောကာ ပျက်ရယ်ပြုနေတယ်ထင်နေသည့် Jenoရှေ့ ပစ်ချလိုက်ပြီး ..

" ငါဒီညနေ flight နဲ့ Chinaကို ပြန်တော့မှာ "

တုန်ယင်နေတဲ့လက်ကလေးတွေနဲ့ တယုတယဆုတ်ကိုင်လိုက်တဲ့ passport အား အံ့ဩခြင်းများစွာနှင့် ကြည့်နေသည့် Jeno .

မဖိတ်ခေါ်ပါပဲ လိမ့်ဆင်းလာသည့် မျက်ရည်တွေကို Jenoမသိခင် ခက်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး .

" ဒီလောက်ဆို ငါ့ဆုံးဖြတ်ချက်ကို မင်း "

ဆွေ့ခနဲပွေ့ဖက်ခြင်းခံလိုက်ရတဲ့ ကိုယ်ခန္ဓာလေးဟာ Jenoရင်ခွင်ထဲမှာ နစ်မြှုပ်လို့ ..

" ငါ့ကိုစနေတာမဟုတ်လားဟင် Renjun "

အင်္ကျီစကို ခပ်တင်းတင်းဆုတ်ကိုင်ထားမိတဲ့ လက်ကလေးတွေရဲ့ နှောင်တွယ်မှုကို မင်းမသိစေချင်ဘူး ..

မျက်ဝန်းတွေထဲက ဖုံးဖိမရတော့တဲ့ ချစ်ခြင်းတရားတွေကို ငါတို့ဒီမှာပဲ ကန့်လန့်ကာချလိုက်ကြရအောင် Jeno ..

နှစ်ပါးသွားလည်း ထပ်ပြီးမကချင်တော့ဘူး ..

ဒါပေမဲ့ နောင်ဘဝဆိုတာ တကယ်ရှိခဲ့လို့ မင်းနဲ့များ မတော်တဆ နောက်တစ်ဖန်ပြန်ဆုံဖြစ်ခဲ့ရင် ပထမလူဟာ ငါဖြစ်ပါရစေ ..

" Renjun ငါမေးနေတယ်လေ .. စနေတာမဟုတ်လားလို့ "

" ငါတို့ဇာတ်လမ်းကို ဒီမှာပဲ အဆုံးသတ်ရအောင် Jeno .. ငါ့ကိုမင်းဘဝထဲက အပြီးထုတ်ပစ်လိုက်ပါ "

" ငါမင်းကိုနောက်ဆုံးမေးမယ် Renjun .. မင်းငါ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူးလား .. ဒီအတိုင်းအပျော်သက်သက် လာပြန်ကစားခဲ့တာလား "

အချစ် ...

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အချစ်ဆို သူ့ရှေ့မှာ အမြဲကာကွယ်ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကျယ်ကို မှီတွယ်တယ် ..

💢Mistake💢Where stories live. Discover now