💢final part💢

Start from the beginning
                                        

တစ်ဦးတည်းသောသွေးသား ..

နှစ်ယောက်မရှိနိုင်တဲ့ အစ်ကို ..

အရာအားလုံးနဲ့ လဲခဲ့ရတာမို့ Hyungကတော့ ကျိန်းသေပေါက် ကျွန်တော့်ဘေးမှာ ရှိနေပေးရမယ်နော် ..

-

" Renjun "

လက်မောင်းအားလှုပ်ခတ်ကာ ခေါ်နှိုးနေတာမို့ လေးလံနေသည့် မျက်ဝန်းတွေအားဖွင့်ကြည့်လိုက်တော့ မြင်လွှာတဲ့ မြင်လာတဲ့ Jenoရဲ့မျက်နှာ ..

လှဲနေရာမှထထိုင်လိုက်တော့ Jenoက ဘေးမှာဝင်၍ထိုင်ကာ စားပွဲပေါ်မှာ ပွစာကြဲနေသည့် အရက်ပုလင်းတွေအား စူးစိုက်၍ကြည့်နေသည် ။

" တစ်ယောက်တည်းသောက်နေခဲ့တာလား "

" Haechan နဲ့သောက်တာ .. ငါမူးပြီးမှောက်သွားတာ .. သူဘယ်အချိန်ပြန်သွားလဲ မသိလိုက်ဘူး "

" တံခါးကြီးကလည်း ဖွင့်လျက်သားကြီးနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

" ငါ့ကိုမင်းကလွဲပြီး ဘယ်သူကမှ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး "

" Renjun "

ကျွန်တော့်စကားကြောင့် သက်ပြင်းရှည်ကြီးတစ်ခုအားချကာ လက်ကိုဆွဲယူပြီး စာရွက်လိပ်တစ်ခုကို ထည့်ပေးလာသည့် Jeno ..

ယူကာကြည့်လိုက်တော့ ကွာရှင်းစာချုပ် ..

" ဒီလောက်ဆို မင်းငါ့အချစ်ကိုလက်ခံဖို့ လုံလောက်ပြီလား "

သူတကယ်ပဲ ငါ့ကြောင့် Na Jaemin နဲ့ ကွာရှင်းခဲ့တယ်တဲ့လား ..

ရူးနှမ်းလိုက်တာ Lee Jeno ..

ငါလိုချင်တာ အနိုင်ရရှိမှုသက်သက်ပဲ ..

မင်းမဟုတ်ဘူး ...

" Renjun "

" ငါမင်းကိုစောင့်ကြည့်ရအုန်းမယ် "

" ဘာကိုလဲ "

" လူတစ်ယောက်ဆီကနေ ထွက်လာတဲ့ လူတစ်ယောက်က ငါ့ဆီကနေ နောက်ထပ်လူတစ်ယောက်ဆီ ဘယ်အချိန်ထွက်သွားပါ့မယ်ဆိုတာက မသေချာဘူးလေ Jeno "

" Renjun ငါJaeminဆီက ထွက်လာခဲ့တယ်ဆိုတာက "

" နေအုန်း Jeno "

လက်ကာပြကာ ကျွန်တော်တားလိုက်တော့ Jenoနှုတ်ဆိတ်၍သွားသည် ။

" မင်းငါ့ကိုကြည့်စမ်း Jeno .. ငါကအဲ့လောက်အထိ အပေါစားဆန်သလားလို့ "

💢Mistake💢Where stories live. Discover now