💢final part💢

Start from the beginning
                                        

" ကျွန်တော်ပိုင်တာ "

" ဒီအချိန်တွေအတွင်း ဒီအိမ်ကို မင်းဘယ်လိုလုပ်ပြီး .. "

" မေမေခေါင်းချခဲ့တဲ့အိမ်ကိုတော့ လက်မလွတ်နိုင်ဘူးလေ "

နာနာကျင်ကျင်ပြုံးရင်း ကျွန်တော်ပြန်ဖြေတော့ Hyungက မျက်ရည်ကြည်တွေ ရစ်သိုင်းများနှင့် စူးစိုက်ကြည့်ပြီး အားလျော့နေတဲ့လက်တို့နှင့် ထွေးပွေ့လေသည် ။

" တောင်းပန်ပါတယ် "

ခက်သဲ့သဲ့ထွက်လာတဲ့ တောင်းပန်စကား ..

မရတော့ဘူး Hyung ...

မမှီတော့ဘူး ..

ကျွန်တော့်ဘဝက အခုအချိန်မှာ အရာအားလုံး စုတ်ပြတ်သတ်ထွက်သွားပြီ ...

ဘယ်သူမှ ဘာမှလုပ်ပေးလို့မရတော့ဘူး ..

" ပင်ပန်းခဲ့တယ်မဟုတ်လား "

ကျောအားခက်ဖွဖွပုတ်ရင်း မေးလာသည့် Hyungအမေးအား Hyung၏ပခုံးထက်မှာ ခေါင်းအပ်ရင်း ခပ်ဖွဖွငြိမ့်ပြဖြစ်သည် ။

" သေမတတ်ပဲ .. "

" Hyung ကြောင့် .. "

" ဟင့်အင်း .. Hyungကြောင့်မဟုတ်ဘူး .. ဒီအတိုင်း ကံကြမ္မာကိုပဲ ပုံချလိုက်ကြရအောင် "

" Nana "

ကလေးတစ်ယောက်လိုမျိုး Hyungက ကျွန်တော်နောက်စေ့ကို နူးနူးညံ့ညံ့ပွတ်သပ်ကာ နားသယ်စပ်အား အမြတ်တနိုးနမ်းရှိုက်လေသည် ။

" Hyung အခုနားရအောင်လေ .. ကျွန်တော်အတော်ဆုံးဆရာဝန်တွေနဲ့ တိုင်ပင်ပြီး "

" Nana .. Hyungအတွက် ပိုက်ဆံအကုန်မခံနဲ့ .. Hyungနောက်ဆုံးအချိန်မှာ မင်းဆီက ခွင့်လွှတ်မှုကိုရပြီး မင်းလက်ပေါ်မှာ ခေါင်းချခွင့်ရရင်ရပြီ "

" အာ Hyung ကလည်း ဘာတွေလာပြောနေတာလဲ .. Hyungကို ကျွန်တော်ရအောင် ကုသပေးမှာ "

Hyung က ပါးချိုင့်ခွက်တွေပေါ်သည်အထိ နက်နက်နဲနဲပြုံးရင်းငိုလေသည် ။

" Hyung "

" ဝမ်းသာလို့ကျတဲ့ မျက်ရည်ပါ .. "

" Hyung "

နောက်တစ်ကြိမ်ပြန်လည် Hyung ကိုထွေးပွေ့လိုက်ပြီး ..

" ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် "

💢Mistake💢Where stories live. Discover now