💢final part💢

Start from the beginning
                                        

" လူတစ်ယောက်ရဲ့အရည်အချင်းဆိုတာ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်ခြင်းပဲလေ "

" ဒါပေါ့ .. ဒါကအဆုံးသတ်တော့ မဟုတ်သေးဘူးလေ .. တစ်ခုတော့ပြောလိုက်မယ် .. ငါ့နေရာကို ရအောင်ယူပြီးရင် အဆုံးထိပျော်ရွှင်နေရမယ်နော် .. မဟုတ်ရင်တော့ ငါကလှောင်မှာဗျ "

Renjun ကိုကျော်ကာ ကားပေါ်တက်လိုက်ပြီး ပိတ်ဖို့ပြင်နေသည့် တံခါးအားလှမ်းဆွဲကာ စိုက်ကြည့်နေသည့် Renjunကို စူးစူးစိုက်စိုက်ပြန်ကြည့်ဖြစ်သည် ။

" ကျိန်းသေပေါက် ငါပျော်ရွှင်နေမှာမို့ မင်းသာဂျောင်ကပ်ပြီးငိုမနေနဲ့ Na Jaemin "

" ငါ့သမိုင်းမှာ ဒါမျိုးမရှိဘူး "

ခပ်ချေချေပြုံးကာ မောင်းထွက်ခဲ့ရင်း ရင်အစုံဟာလစ်ဟာလို့ ..

မာန်တင်းထားခဲ့တာပါ ..

အပူရုပ်ကို ဟန်လုပ်ပြုံးပြခဲ့တာ ငါထပ်ရှူံးရမှာကိုကြောက်လို့ပါ ...

ဆေးလိပ်အခိုးအငွေ့တို့ ပျံ့လွင့်နေသည့် အခန်းငယ် ..

နာကျင်ခြင်းတို့ဖြင့် မွတ်သိပ်နေတဲ့ ရင်အစုံဟာ ဗလာကျင်းလို့ ..

ဘာဆိုဘာမှပိုင်ဆိုင်တာမရှိတော့တဲ့ လူတစ်ယောက်ရဲ့ဇာတ်သိမ်းဟာ ဤအမျှအထိ ရုပ်ဆိုးအကျည်းတန်လွန်းတာ ..

" သူတို့ရောက်ပါပြီ အကိုလေး "

မီးစတို့နှင့် နီဆွေးနေသည့် စီးကရက်အား ပြာခွက်ထဲထိုးဆိုက်ကာ ငြှိမ်းသတ်လိုက်ရင်း အဆုံးသတ်သွားတာ ကျွန်တော့်ရဲ့ဘဝ ..

ဝမ်းနည်းမှုတို့ဖြင့် ရော်ရင့်နေသည့် မျက်နှာထက် ဟန်ဆောင်အပြုံးတစ်ခုချိတ်ဆွဲကာ အပြင်ထွက်ခဲ့တော့ ရောဂါကြောင့် ဖြူဖျော့နေသည့် Hyungမျက်ဝန်းတွေက ခပ်ဆွေးဆွေးငေးမောလို့နေသည် ။

" ရောက်ပြီလား .. ကျွန်တော်ကိုယ်တိုင်လာကြိုမလို့ပါပဲ .. နည်းနည်းပြင်ဆင်စရာလေးတွေရှိတာနဲ့ "

" Nana ဒီအိမ်က "

အရင်ကထက် ပိုမိုသစ်လွင်တောက်ပနေသည့် အိမ်အိုအားကြည့်ကာ Hyungက မျက်ရည်ဝိုင်းရင်းမေးလာသည် ။

💢Mistake💢Where stories live. Discover now