Laggageအားဆွဲကိုင်ကာ အခန်းထဲက ထွက်ဖို့ပြင်မှ သားအသံခပ်တိုးတိုးထွက်လို့လာသည် ။
" Appa "
လှမ်းနေတဲ့ခြေလှမ်းတို့အား ရပ်တန့်ပစ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သားကရင်ခွင်ထဲတိုးဝင်ကာ ငိုကြွေးလို့လာသည် ။
" သား "
" မသွားပါနဲ့ "
" မင်းယောက်ျားမဟုတ်ဘူးလား Jisung .. ဘာလို့ငိုတာလဲ "
" Appaကရော ဘာလို့ငိုတာလဲ "
သားအမေးအတွက် အဖြေဟာရှိလို့မနေခဲ့ ..
" ကျွန်တော့်ကိုမထားခဲ့ပါနဲ့ "
" Jisungလေး Appaပြောတာကို သေချာနားထောင်စမ်း .. Appaက အခု ဒယ်ဒီနဲ့လမ်းခွဲလိုက်ပြီလေ .. Appa ဒီမှာဆက်ရှိနေလို့မရတော့ဘူး .. ရှေ့လျှောက် သားက ဒယ်ဒီ့စကားကို နားထောင်ပြီး လိမ်လိမ်မာမာနေရမယ်နော် ကြားလား "
" ဒယ်ဒီ့ကိုမုန်းတယ် "
" အဲ့လိုမပြောရဘူးလေ .. ဒယ်ဒီက သားအပေါ်အများကြီးကောင်းပေးတာကို .. Appaမရှိလည်း အဆင်ပြေအောင်နေရမယ်နော် .. ထမင်းကောင်းကောင်းစားပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး ဒယ်ဒီ့ကိုလည်း "
ပြောနေရင်း စကားသံတွေဟာ ဝမ်းနည်းစိတ်ကြောင့် ထွက်၍မလာတော့တာမို့ သားရှေ့မှာ မငိုမိခင် အိမ်ထဲကနေ ခပ်သုတ်သုတ် လှမ်းထွက်ခဲ့တော့ သားကနေရာမှာ ငိုရင်းကျန်ခဲ့လေသည် ။
ကားနောက်ခန်းတံခါးအားဖွင့်ကာ Laggage ကိုတင်နေတုန်း ..
" နောက်ဆုံးတော့လည်း ဒီနေရာနဲ့ တကယ်မသက်ဆိုင်တော့ဘူးပဲ "
တမင်တကာလာရိနေသည့် Renjunကြောင့် ကားတံခါးကိုဆောင့်ပိတ်၍ အတောက်ပဆုံးပြုံးကာ မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် လှည့်လိုက်ပြီး ..
" ငါ့နေရာကို လိုချင်တဲ့သူရှိနေတော့လည်း သဘောထားကြီးကြီးနဲ့ဖယ်ပေးရမှာပေါ့ "
" လူတစ်ယောက်ရဲ့အရည်အချင်းဆိုတာ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်ခြင်းပဲလေ "
" ဒါပေါ့ .. ဒါကအဆုံးသတ်တော့ မဟုတ်သေးဘူးလေ .. တစ်ခုတော့ပြောလိုက်မယ် .. ငါ့နေရာကို ရအောင်ယူပြီးရင် အဆုံးထိပျော်ရွှင်နေရမယ်နော် .. မဟုတ်ရင်တော့ ငါကလှောင်မှာဗျ "
YOU ARE READING
💢Mistake💢
FanfictionUnicode :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... Zawgyi :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... NoMin ft :: RenSung
💢final part💢
Start from the beginning
