" အိပ်မက်လားလို့ စမ်းသက်နေတာ "
" ဒါများ "
ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ နှဖူးပေါ်ကျလာသည့် အနမ်းတစ်ခုကြောင့် မျက်ရည်စတို့ရစ်သိုင်း၍သွားရသည် ။
" အိပ်မက်လို့ထင်သေးလား ".
" Jaemin "
" ထ မျက်နှာသစ်ပြီး တစ်ခုခုစားရအောင် "
" ငါ့ကိုစိတ်မဆိုးဘူးလားJaemin "
" ဟင့်အင်း "
" ငါ့ကိုမမုန်းဘူးလား "
" ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး Jeno "
" တောင်းပန်ပါတယ် "
နောင်တတွေနဲ့ ငိုရှိုက်ကာ တောင်းပန်နေသည့် ကျွန်တော့်အား ဖက်တွယ်လာသည့် လက်တစ်စုံက နွေးထွေးလွန်းတယ် ..
" ငါ့ကိုဒီတစ်ကြိမ်ပဲ ခွင့်လွှတ်ပေးပါ Jaemin.. နောက်ထပ်ကျန်ရှိနေတဲ့ မင်းဘဝတစ်လျှောက်လုံးမှာ ဒါမျိုးထပ်မရှိစေရတော့ဘူးလို့ ငါကတိပေးပါတယ် "
" ငါမင်းကိုခွင့်လွှတ်ပါတယ် Jeno.. ငါယုံပါတယ် .. မင်းထပ်မမှားတော့ဘူးလို့ .. Jeno သေချာနားထောင်နော် .. မင်းမှာမင်းပဲရှိတာမဟုတ်ဘူး .. မင်းဘေးမှာ ငါအမြဲတမ်းရှိတယ် .. မင်းကိုသိပ်ချစ်တဲ့ ငါအမြဲတမ်းရှိတယ် .. ဒါကြောင့် ငါ့ကိုကတိပေးပါ Jeno .. ဒီလိုတူညီတဲ့အမှားမျိုး ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါ "
ငါကတိပေးပါတယ် Jaemin..
ငါ့ဘဝမှာ ဒီလိုတူညီတဲ့ အမှားမျိုး ထပ်မရှိစေရဘူး ..
ငါယုံကြည်ပါတယ် Jeno ..
တဒင်္ဂအမှားတစ်ခုနဲ့ မင်းဘဝကို ပျက်ဆီးခွင့်မပြုနိုင်တာ ငါ့အချစ်ပါ ..
ငါ့အချစ်နဲ့ Jenoရဲ့ အရာရာပြုပြင်ပေးမှာမို့ မင်းရွေးချယ်မှု မမှားစေရဘူး Renjun..
____________ပြီးပါပြီ____________
အစကနေအဆုံးအထိ ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်..
Lilac Kim🌹
Zawgyi
ပစ္စည်းတွေ သိမ်းဆည်းနေသည့်အနား ခပ်ထွေထွေလေးထိုင်ကာ ငြိမ်သက်နေသည့် သားအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သားအနာဂတ်အတွက် Appaပြတ်သားရလိမ့်မယ် ..
YOU ARE READING
💢Mistake💢
FanfictionUnicode :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... Zawgyi :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... NoMin ft :: RenSung
💢final part💢
Start from the beginning
