💢final part💢

Start from the beginning
                                        

ကျွန်တော်လဲပေးထားတဲ့ အဝတ်တွေနဲ့ ငြိမ်သက်စွာ အိပ်ပျော်နေသည့် Jenoကို မမှိတ်မသုန်ကြည့်ပြီး အတွေးတို့နယ်ချဲ့ဖြစ်သည် ။

Hyung နာရေးကြောင့် အလုပ်တွေရှုပ်နေတာမို့ အရာအားလုံးကို လစ်လျူရှုထားခဲ့ပေမဲ့ Minseက စာကိုသိမ်းထားပေးပြီး နာရေးပြီးတဲ့ နောက်နေ့ကျတော့ ကျွန်တော့်ထံလာ၍ပေးသည် ။

စာအိတ်အားဖွင့်ကြည့်လိုက်တော့ stick တစ်ခု ..

Laptopမှာထိုးကာဖွင့်လိုက်တော့ video clip လေးတစ်ခုပေါ်လာသည် ။

" Jaemin.. လူကိုယ်တိုင်တွေ့ပြီး တောင်းပန်ဖို့အတွက် အင်အားမရှိလို့ ဒီလိုနည်းကိုပဲ ရွေးချယ်ခဲ့မိလို့ အားနာမိပါတယ် .. ဖြစ်ခဲ့သမျှတိုင်းအတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ် .. ချစ်ရတဲ့သူနဲ့ဝေးကွာခြင်း ဒုက္ခက ဘယ်လောက်နာကျင်တယ်ဆိုတာ သိစေချင်ခဲ့ယုံပါ .. ပြီးတော့ Jenoကိုလည်း အနားမှာရှိတဲ့သူကို တန်ဖိုးထားတက်စေချင်ခဲ့တယ် .. အဲ့စိတ်နဲ့ အမှားတွေလုပ်ခဲ့မိပေမဲ့ ငယ့်ရဲ့မျက်ရည်တွေကြောင့် ဘာတစ်ခုကိုမှ မလိုချင်တော့အောင်ဖြစ်ခဲ့မိတယ် .. ငါအရမ်းဆိုးသွားတယ်ဆိုတာသိပါတယ် .. Jenoကမင်းကိုချစ်ပါတယ် အဲ့လိုပဲ ငါ့ကိုလည်းသူချစ်တယ် .. အဲ့အချစ်အတွက် မင်းကအပြစ်မမြင်ပါနဲ့ .. မင်းနဲ့ငါဘယ်သူမှမနိုင်ပဲ ပူးတွဲပထမနဲ့ ငါကအဝေးကချစ်ပြီး မင်းကအနီးနားကနေ ဂရုစိုက်ယုယပေးပါ .. Jenoကို ငါ့ထက်ပိုပြီး မင်းကစောင့်ရှောက်ပေးနိုင်လို့ ယုံကြည်တာမို့ ငါ့နှလုံးသားကို မင်းလက်ထဲအပ်ခဲ့ပါတယ် .. အရာအားလုံးအတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ် "

" ငါလည်း မင်းကိုတောင်းပန်ပါတယ် Renjun .. တကယ့်စိတ်ရင်းနဲ့ .. "

နှာခေါင်းထဲဝင်လာတဲ့ အမဲသားရေညှိဟင်းချိုအနံ့က မှိတ်ထားသည့်မျက်လုံးတွေကို နိုးထစေသည် ။

" နိုးပြီလား "

အပြုံးတွေနဲ့ ဘေးနားမှာဝင်ထိုင်လိုက်တဲ့ Jaemin..

Jaemin ပြန်လာတာ အိပ်မက်မဟုတ်ဘူးနော် ..

မယုံနိုင်စွာ ကိုယ့်ပါးကိုယ်ဖြတ်ခနဲရိုက်လိုက်တော့ Jaemin က ပခုံးပင့်ကာ မေးငေါ့ပြသည် ။

💢Mistake💢Where stories live. Discover now