" သေသွားတော့ရော ဘာဖြစ်လဲ .. သွား မင်းလည်းထွက်သွား .. ငါ့ဆီက အကုန်ထွက်သွားကြ .. ငါတစ်ယောက်တည်းနေမယ် .. ငါတစ်ယောက်တည်းသေမယ် "
" ကျွန်တော့်အတွက်ရော ဒယ်ဒီ .. ကျွန်တော့်အတွက်ကရော "
" ငါ့အတွက်တောင် ငါဘာမှန်းမသိတာ .. မင်းအတွက် ငါကဘယ်လိုတွေးပေးရမှာလဲ Jisung .. ငါ့ကိုလွှတ်ထားလိုက်စမ်းပါ "
ယိုင်နဲ့နေသည့် ခန္ဓာကိုယ်အား ဟန်ချက်မညီစွာ ထရပ်လိုက်သည်နှင့် ကြမ်းပြင်ပေါ် ဘုံးခနဲလဲ၍ကျသွားရသည် ။
" ဒယ်ဒီ "
" သေသွားရင်ကောင်းမယ် "
" သေသွားရင် အရာအားလုံးပြီးဆုံးသွားရောလား Jeno "
" Jaemin "
ဝိုးတဝါးမြင်နေရတဲ့ ပုံရိပ်က အစစ်အမှန်မဟုတ်ဘူးဆိုတာ သိပေမဲ့ နောက်ဆုံးတော့ ငါမင်းကိုတနေမိပြီ Jaemin..
ငါတော်တော်ရူးတဲ့ကောင် ..
ခြောက်ကပ်ကပ်ရယ်မောရင်း မျက်ဝန်းအစုံကို မှိတ်ပစ်လိုက်တယ် ..
အိပ်မက်တွေက နိုးထလာလို့ အရာအားလုံး အကောင်းအတိုင်းဖြစ်နေရင် သိပ်ကောင်းမယ် Jaemin..
" သား ရေဇလုံတစ်ခုနဲ့ မျက်နှာသုတ်ပဝါတစ်ခုသွားယူခဲ့ .. Appaသူ့ကို အခန်းထဲခေါ်သွားလိုက်မယ် "
Jenoအားတွဲထူကာ မွေ့ယာပေါ်အိပ်စေပြီး အရက်နံ့တို့ဆွတ်ပျံ့နေသည့် အဝတ်အစားတို့အားချွတ်ကာ သားယူလာသည့် ပဝါအားရေထဲနှစ်ပြီး မျက်နှာနှင့် ကိုယ်ခန္ဓာအနှံ့ကို ရေပတ်တိုက်၍ သန့်ရှင်းစေသည် ။
" Appa "
" သားပို့လိုက်တဲ့ စာအိတ်ကို Appaရတယ် "
" ကိုကြီးက ဘာတွေ .. "
" မသိချင်ပါနဲ့ သား .. ဒီလောက်အရက်တွေသောက်နေတာ သားကမတားဘူးလား "
" ကျွန်တော်ပြောလို့မှမရတာ "
" ဒီအတိုင်းဆက်ထားရင် လုံးပါးပါးသွားလိမ့်မယ် .. သားလည်းပင်ပန်းနေပြီ သွားနားလေ "
ခေါင်းညိတ်ကာထွက်သွားသည့် သားကိုကြည့်ကာ ပြုံး၍ပြလိုက်သည် ။
YOU ARE READING
💢Mistake💢
FanfictionUnicode :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... Zawgyi :: ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး မင်းကသာ... NoMin ft :: RenSung
💢final part💢
Start from the beginning
