Castle in the air 15

Comenzar desde el principio
                                    

မေမေ ဧည့်ခန်းထွက်သွားတော့မှ ထယ်ယောင်း ပြဿနာ အကြီးအကျယ်ဖြစ်မှာ စိတ်ပူနေမိတာ သက်သာရာရမိတယ် မေမေ စိတ်တိုတာမပြောနဲ့ Jiminကလည်း အပြောက သူ့ကိုသူ အထင်ကြီးလွန်းတာကိုးးး

"ထယ် ...."

"ဘာလဲ "

"စိတ်မဆိုးနဲ့တော့ မေမေ က ဟိုနေ့က ပြောမိတာကို လာရှင်းပြတာမို့ ရှင်းပြချက်စကားကို နားထောင်ပေးနော်"

ထယ်ယောင်း ဘာမှမပြောဘဲ ဧည့်ခန်းသွားလိုက်၏။

"သား ကူးငယ် ကိုကို့ဆီလာတာလား"

"ဟုတ်တယ် အန်တီ ကိုကို အိပ်ယာနိုးပြီလား"

"အေး မင်းကိုကို လာလိမ့်မယ်လာထိုင်"

ကူးငယ် က ဝင်ထိုင်တော့ Jimin အမေဟာ ကူးငယ်ကို အကဲခတ်နေလိုက်သည်။

ထယ်ယောင်း နဲ့ Jimin ဧည့်ခန်းမှာ ဝင်ထိုင်တော့ ကူးငယ်က ကိုကို့ကိုသာ ငေးကြည့်နေသည်။

"ကူးငယ် အစောကြီး ဘာလာလုပ်တာလဲ "

"ကိုကိုနဲ့တွေ့ချင်လို့လေ"

"အင်းး"

Jimin စိတ်ထဲ အလိုမကျတာတော့ အမှန် ထယ်ယောင်းနဲ့ အန်တီဟာ ကူးငယ်ဆိုတဲ့ သူကြ ကြည့်တဲ့အကြည့်ကစ သဘောကောင်းပြီးသူ့ကျ သဘောမကျတဲ့ မျက်နှာထားနဲ့

"တို့က ဘဲ Kim...ကို ပြောရအုံးမယ်"

"ဘာများလဲ Park....."

"ထယ်လေး ကို ဟိုနေ့က စချင်တာမို့အပြောလွန်သွားတယ်လေ အဲ့တာ တို့ ပွင့်ပွင့်လင်းလင်းဘဲ မင်းရှေ့မှာဘဲပြောလိုက်မယ်"

"ရပါတယ် ပြောလေ"

"ထယ့်ကို တို့သားမက်လေး ဖြစ်ချင်တယ် ရှင်းရှင်းပြောရရင် သား Jiminနဲ့ လက်ထပ်ပေးချင်တယ် မင်းလည်း ကလေးတွေ ရဲ့ စိတ်အခြေအနေသိနေတာဘဲ "

ထယ်ယောင်း စိတ်ထဲ မှာ ဟိုနေ့က သူနဲ့သဘောမတူဘူးပြောတာကို သိပ်အခဲမကြေသေးတာမို့ Jiminအမေ စကားကို ခပ်ပြုံးပြုံးနဲ့ လှောင်ရယ်နေမိ၏။

Jkမျက်နှာ ပျက်သွားတာကို Jiminမြင်လိုက်သည်။

"တို့သား ကို မီမြောင်းနဲ့ သဘောတူထားတာ အားလုံးအသိဘဲ "

Castle in the airDonde viven las historias. Descúbrelo ahora