Love & Sex (Unicode)

Start from the beginning
                                    

တီးလုံးသံစဥ်များ ၊ စကားသံများဝေးရာ ရောက်သွားတဲ့အချိန် ခက်ခက်ရှေ့မှာ မြင်နေရတဲ့ ကားအနက်ရောင်တစ်စီးရှေ့ရောက်နေပြီ ။ ထိုကားသည် ခက်ခက်စီးဖူးနေကျ ကားတစ်စီးဖြစ်သည် ။ ဦးကျော်မင်းသူ ကား ။ ကားရှေ့ဖုံးပေါ် ခက်ခက်ထိုင်ချပြီး စီးကရက်တစ်လိပ်ကို ပိုက်ဆံအိတ်ထဲမှ ထုတ်လိုက်၏။ အနီရောင် Dress အတိုက ပေါင်အလယ်လောက်ရောက်သွားသည် ။ အနီရောင်ဒေါက်ဖိနပ်ကို ချွတ်ပြီး ခက်ခက်ဘေးချကာ စီးကရက်အား မီးညှိ၍ ခပ်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။

စီးကရက်ထဲ ထည့်လိပ်ထားသော ဆေးအရသာက ခက်ခက်ဦးနှောက်ထဲ ပျံနှံ့သွားသည် ။ မျက်လုံးများမှိတ်ကာ ထိုအရသာ ခံစားရသည့် အခိုက်အတန့်က Sex ဖြစ်တဲ့အချိန် အရသာလိုပင် ခံစားလိုကောင်း၏။

"အို. မြင်ကွင်းလေးက ကောင်းလိုက်တာနော် ထားထား ၊ ဘယ်လောက် Sexy ကျလိုက်လဲ"

ဦးကျော်မင်းသူ ခပ်မြူးမြူးအသံနှင့်အတူ ခက်ခက်ရှိရာ လျှောက်လာသော လင်မယားနှစ်ယောက် ။

"ဦးကျော်တို့က ကြာလိုက်တာ"

ခက်ခက် ညူတူတူလေးပြောလိုက်၏။ လက်ထဲက စီးကရက်ကို ကားအဖုံးနဲ့ ဖိသတ်ပြီး အိတ်ထဲ ပြန်ထည့်ကာ ထိုင်နေရာမှ ဆင်းလိုက်သည် ။ ကား Lock ဖွင့်သံနှင့်အတူ ကားထဲ အသီးသီးနေရာယူလိုက်ကြသည် ။ ဦးကျော်မင်းသူက ကားမောင်းသူနေရာ ၊ ခက်ခက်နဲ့ ဦးကျော်မင်းသူအမျိုးသမီးဒေါ်ထားထားစံက နောက်ခန်းတွင် အသီးသီးနေရာယူ၍ ကားလေးသည် မြေအောက်ကားပါကင်ထဲမှ ထွက်ခွာသွား၏။ ညသန်းခေါင်အချိန်မို့ လွန်စွာရှင်းလင်းနေသော ကားလမ်းမှပေါ် ခက်ခက်တို့ကားလေးက အရှိန်ပြင်းပြင်းပြေးနေ၏။

"ထားထား မနက်ဖြန်အိမ်ပြန်အိပ်နော် ၊ ကိုယ်ဒီည ပြန်အိပ်လိုက်မယ် ၊ သမီးက မင်းကို တစ်ရက်ထက်ကျော်လို့ မတွေ့ရင် တဂျီဂျီနဲ့"

"ကောင်းပြီ ကိုကျော်"

ဦးကျော်တို့ သမီးလေးက ၇နှစ်ကျော်လေးပဲ ရှိသေးသည်မို့ မိဘတွေအပေါ်ခင်တွက်သည် ။ သမီးလေး စံသူထားက ချစ်စရာကောင်းတဲ့ ကလေးလေးပင် ။

One Shot Collection 🔞🔞(GL)Where stories live. Discover now