အခန်း(၁၀) (Uni & Zawgyi)

Beginne am Anfang
                                    

"ချမ်းမြေ့..."

အနားရောက်လာလာချင်းခေါ်လိုက်သည့် ၀ဏ္ဏ။

"အေး...ငါတော့သတိရသေးတယ်နော်"

ချမ်းမြေ့ ဘုဘောက်ကျစွာပြောလိုက်တော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ တခိခိနဲ့ပင်။ ဒီကောင်တွေသိနေပြီလေ... ချမ်းမြေ့လည်း ၀ဏ္ဏကိုအမြင်ကပ်​နေပြီဆိုတာ။

"ဟို...ကိုကိုကလိုက်လာမလို့တဲ့"

"ဘာ.."

ချမ်းမြေ့၏ "ဘာ"ဆိုသည့်အသံကြီးမှာဟိန်းကနဲ ပင်။ထို့နောက် ချမ်းမြေ့ တစ်ယောက် ကွပ်ပစ်ပေါ်မှ ၀ရုန်းသုန်းကား မတ်တပ်ထရပ်ကာ ခါးထောက်၍ -

"အေး...တစ်မျိုးလုံးသာ ခေါ်ခဲ့လို့ပြောလိုက်"

ချမ်းမြေ့ ရွဲ့ကာပြောတော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ တဟားဟားအော်ရယ်တော့သည်။ ချမ်းမြေ့လည်း မိမိအားလှောင်နေသည့် နှစ်ကောင်ဘက်လှည့်ကာ-

"အေး..ရယ်မနေနဲ့ မင်းတို့ကရော မပြန်ကြသေးဘူးလား? သူများအိမ်ကို ဘယ်အချိန်ထိနေဖို့စဥ်းစားထားကြတာလဲဟမ်....အလုပ်မရှိကြဘူးလား...အားယားနေကြတာလား... ဒီကြားထဲ ကိုယ်တစ်ယောက်လာနေလို့အားမရလို့ နောက်ကတွဲလောင်းတွဲလောင်း တွေပါခေါ်လာသေး"

ချမ်းမြေ့နောက်ဆုံးစကားကို ၀ဏ္ဏအားကြည့်ရင်းပြောတော့ ၀ဏ္ဏမျက်နှာကြီးမှာမည်းမဲကနဲဖြစ်သွားပြီး မျက်စောင်းထိုးလာတော့ သည်။ အောင်မယ်ဗျာ..သူကများ လာလာချည်သေးရဲ့။ ဟိုနှစ်ကောင်ကတော့ ဗိုက်နှိပ်ကာပင် ၀ါးလုံးကွဲအောင်ရယ်နေကြတော့သည်။

"အောင်မယ်လေး..ချမ်းမြေ့ရယ်....ငါရယ်ရလွန်းလို့ အူနာနေပြီ..ဘယ်နှယ့်မိန်းမကြီးကြလို့ ရန်တွေ့နေပုံက..ကိုယ့်သူငယ်ချင်းတွေကိုပြောဆိုနေလိုက်တာလည်း ရစရာကိုမရှိတော့ဘူး"

"အော်....အလိုက်ကန်းဆိုးမသိ သူများအိမ်ပေါ်လာတက်နေတဲ့ သူငယ်ချင်းတွေဆိုတာလည်းထည့်ပြောဦးလေ...."

မိရွှန်းစကားအား ချမ်းမြေ့ပြန်ချေပတော့ ဟန်ငြိမ်းမှ မသတီစရာအသံကြီးဖြင့် -

"အချစ်ကလဲကွာ..."

"-ီးကိုအချစ်..ဒါနဲ့ ဟိတ်ကောင် မင်းလင်ကဘယ်တော့လာမှာတဲ့လဲ"

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Wo Geschichten leben. Entdecke jetzt