...ဖိန့်ရန် ရှုပ်ထွေးသွားပြီ။

ဒါကို ရည်းစားစကားပြောတယ်လို့ မဆိုလိုနိုင်ဘူးပေါ့လေ?

အငြင်းစကားက သူ့လည်ချောင်းမှာ တစ်ဆို့တစ်ဆို့ ဖြစ်နေတော့တယ်။

ယန်းကျွင် :: [ဒါပေမဲ့ အခုကစပြီး ငါ မင်းကို bossလို့ ခေါ်တော့မှာ မဟုတ်ဘူးနော်]

မိုးဖွဲသွားတော့ ယန်းကျွင်က ဝရံတာကို မှီထားရင်း လန်းဆန်းတဲ့ လေကို ရှုရှိုက်လိုက်တယ်။ message ပို့ပြီးတာနဲ့ conversation က ခဏပြန်ထွက်ပြီး ပြည့်လျှံကျတော့မတတ် ဖြစ်နေတဲ့ chat box ကို တစ်ချက်စစ်ကြည့်လိုက်တယ်။

စောနတုန်းက အုပ်စုပဲ၊ သူ့ကို လိုင်းပေါ် ပြန်တက်ပြီး ဆက်killဖို့ ဆူညံပူညံ တောင်းဆိုနေကြတယ်။

ယန်းကျွင်တစ်ယောက် replyပြန်ဖို့တောင် မမှီလိုက်ဘူး၊ တစ်ဖက်အဖွဲ့က voice callကို သူ့ဆီ စိတ်အားထက်သန်စွာ တောင်းဆိုလာတော့တယ်။ ယန်းကျွင်က ပထမတစ်ကြိမ် ချလိုက်တယ်၊ ဒါပေမဲ့ သူတို့က ထပ်ခေါ်ပြန်တော့ မျက်မှောင်ကြုပ်ကာ ကိုင်လိုက်တယ်။

"ကော မင်း ဘာလုပ်နေတာလဲ? ငါ ခေါ်တာကို ဘာကိစ္စ ချပစ်ရတာလဲ?" လင်ရွှီးဟွမ့် မေးတော့တယ်။

"ငါ အလုပ်များနေလို့"

"ဒီလောက်ညနက်နေပြီကို ဘာတွေလုပ်နေရလို့ အလုပ်ရှုပ်နေရတာလဲ?"

"Messageတစ်စောင် စောင့်နေဝာာ"

လင်ရွှီးဟွမ့် အံ့အားသင့်သွားတယ် :: "ဟမ်?"

ယန်းကျွင်က ရှင်းပြချင်စိတ် ရှိမနေပါ :: "မင်း ဘာလိုချင်လို့လဲ?"

"အွန်လိုင်းပေါ် တက်ခဲ့ပြီး ဆက်ကစားရအောင်လေဗျာ! လောင်ဟယ့်နဲ့ ဟိုကောင်တွေအားလုံး အဆင်သင့် ဖြစ်နေကြပြီ။ သူတို့ ကောကို စောင့်နေကြတာ"

အနောက်ကနေ ယန်းကျွင်နာမည်ကို မကျေမနပ် ဖြစ်စွာ တဖျစ်တောက်တောက် ‌လှမ်းခေါ်နေတဲ့ ရှတတ အသံတစ်သံကို သူ ကြားနေရတယ်။

ယန်းကျွင် :: "ငါက ကျောင်းသား။ မနက်ဖြန် အတန်းရှိတယ်။"

"လောင်ဟယ့်က မင်းကို အတန်းလစ်လိုက်ပါလားတဲ့၊ ပြီးရင် ရုံးကို လာပြီး နှစ်ရက်လောက် လာပျော်ပါးပါလားတဲ့?"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Wo Geschichten leben. Entdecke jetzt