Part 3

2.1K 125 3
                                    

Part 3

" ခမည်းတော် "

   ပိုင်ရန် ခမည်းတော်ကို ချက်ခြင်းပဲ ဒူးထောက်
ဂရဝပြုလိုက်သည်။

" ထပါသားတော် အဲ့လောက်ထိလုပ်စရာမလိုပါဘူး မင်းက ခမည်းတော်ရဲ့သားတော်ပဲ"

  ကျွန်တော်မျိုးက ခမည်းတော်၏သားတော်ဆိုတာမေ့နေခဲ့တာ အချိန်တော်တော်ကြာပါပြီ။ ခမည်းတော်ဘာကြောင့် ကျွန်တော်မျိုးကို ငယ်ငယ်တုန်းကလို့
မချစ်တော့တာလဲ  ကျွန်တော်မျိုးဘာအပြစ်လုပ်မိလို့လဲ ကိုယ်ကိုယ့်ကို ပြန်သုံးသပ်ပေမဲ့ အဖြေရှာမရခဲ့ဘူး

" ခမည်းတော် ညီတော်ကိုစိုးရိမ်နေတာ
ကျွန်တော်မျိုးသိပါတယ်။ ညီတော်ကို တားပေမဲ့..."

" တားမရဘူးမှတ်လား "

" ဟုတ်ကဲ့ "

ကျွန်တော်မျိုးတဲ့လား သားတော်နဲ့ကိုယ်တော်က
တော်တော်သူစိမ်းဆန်သွားပါလား
အဲ့ဒါလည်းကောင်းပါတယ် မင်းသားပိုင်ရန်က
နန်းတွင်းနဲ့မအပ်စက်တဲ့သူပဲ

" ပွဲတော်ကိုပြန်သွားပါ သားတော်
ဒီညကမင်းရဲ့ပွဲပဲ "

" ဟုတ်ကဲ့ "

  ပိုင်ရန် မင်းကြီးအမိန့်တော်အတိုင်း ပွဲတော်ကို
ပြန်လာလိုက်သည်။ မယ်မယ်ကတော့
အမတ်ကောင်းနဲ့ သေရည်သောက်ရင်း တိုင်ပင်ဆွေးနွေးနေသည်။ မယ်တော်က အနောက်နန်းဆောင်တစ်ခုလုံး အုပ်ချုပ်ရတဲ့အပြင် နန်းတွင်း တိုင်းရေးပြည်ရေးကိုလည်း စီမံရသည်။ ပင်ပန်းနေသော မယ်တော်အတွက်သူက အားဖြစ်ချင်သည်။ နန်းတွင်းကိုပြန်လာရတာသူအတွက် ကံကောင်းလှသည်။

🕌

" အရှင်ကိုပျောက်လို့ လိုက်ရှာနေတာ
သားတော်အဆောင်ထဲရောက်နေပါ့လား "

  သားတော်အိပ်တာကြည့်နေတဲ့ မင်းကြီးကို
ဝမ်ယွမ်ဆိုလိုက်ခြင်းဖြစ်သည်။

" ကိုယ်တော်တို့အသက်ကြီးလာပြီ
သားတော်ကိုနန်းမွေပေးသင့်ပြီ "

" အရှင်! "

" မပျော်ဘူးလားဝမ်လေး မင်းရဲ့သွေးသားက
မကြာခင် နန်းတက်ရတော့မှာ အဲ့လိုနန်းတက်ဖို့
အိမ်ရှေ့စံရာထူးပေးဖို့  မနက်ဖြန် ညီလာခံမှာ
ကြော်ငြာလိုက်တော့မယ် "

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

ရှင်ဘုရင်ရဲ့ကြင်ယာတော် S2Where stories live. Discover now