" မင်းကူညီမယ်ဆို အဆင်ပြေတာပေါ့ … ဒါနဲ့မင်းနေတဲ့အိမ်က မြို့နဲ့အလှမ်းဝေးတယ်မဟုတ်လား … အလုပ်ကိုလာဖို့ ဘယ်လိုစီစဉ်ထားလဲ "

" အိမ်နဲ့ကဝေးတော့ အခန်းငှားပြီးနေဖို့ တွေ့ထားတယ် "

" ရန်အာကိုရောပြောပြီးပြီလား "

" သူနဲ့တော့မတိုင်ပင်ရသေးဘူး … အဆင်ပြေရင် သူ့ကိုပါ အတူခေါ်နေမယ်လို့တွေးထားတယ် "

ဖန်းဂူက သူတို့ကိုအိမ်ပေါ်မှာလဲ ခေါ်တင်ထားလို့မရတာကြောင့် တစ်ခြားနည်းလမ်းနဲ့ကူညီဖို့ စဉ်းစားလိုက်တယ် … နောက်ဆုံးမှာ အဖြေပေါ်လာခဲ့တယ် … ထိုအရာက သူ့ရဲ့ဖခင်ပြန်သိမ်းယူခဲ့တဲ့ ရှုမန်းတို့နေခဲ့တဲ့အိမ်တော်ကြီးကို ပြန်ပေးရန်ပင် …

" ခုမင်းလဲ တစ်ယောက်ထည်းမဟုတ်တော့ဘူးဆိုတော့ အလုပ်အကိုင်နဲ့အတည်တကျနေဖို့နေရာလိုအပ်လာပြီ … ဒါကြောင့် ငါတို့ရဲ့လုပ်ငန်းမှာပဲ အလုပ်ပြန်ဝင်စေချင်တယ် … အရင်ကလို ဥက္ကဌနေရာမှာမဟုတ်ပေမဲ့ မင်းကို အတွင်ရေးမှူးအဖြစ် ခန့်အပ်မယ် … မင်းယွီမီးဖွားပြီးသွားရင် သူကအဲ့ဒိနေရာကို ဦးစီးလိမ့်မယ် … မင်းသူ့လက်အောက်မှာ အလုပ်လုပ်နိုင်လား "

ရှုမန်းခနမျှတိတ်ဆိတ်သွားကာ ခေါင်းငုံ့ပြီးလက်ခံလာတယ် … ရှန်ဖန်းဂူနဲ့မင်းယွီအပေါ်တင်နေတဲ့ သူရဲ့ယခင်ကအပြစ်ကြွေးတွေကြောင့် အခွင့်အရေးကို လွယ်လွယ်လက်မခံရဲဖြစ်နေခြင်းပင် … သူ့ကိုယခုလိုအခွင့်အရေးပေးလိမ့်မည်ဟုလဲ ထင်မထားခဲ့ပေ …

သူ့အတွက် ရှန်ဟွှာအုပ်စုမှမဟုတ်ရင် တစ်ခြားနေရာတွေမှာ အလုပ်လုပ်ဖို့က ခဲရင်းလှတယ် … ယခင်ကအမြဲအပေါ်စည်းကနေ ဆက်ဆံခဲ့တဲ့သူဟာ တခြားအဖွဲ့အစည်းတွေနဲ့ ရန်ငြှိုးများစွာရှိခဲ့ပြီး တစ်ခြားသူလက်အောက်အလုပ်လုပ်လျှင် သေချာပေါက်အနိုင်ကျင့်ခံရမှာပင် …

စီးပွားရေးလောကကလွဲပြီး စားဝတ်နေရေးအတွက် ဖူလုံမဲ့ဝင်ငွေရဖို့ သူလုပ်တတ်တဲ့အလုပ်ဟူ၍ တစ်ခြားဘာတစ်ခုမှမရှိပေ … သူဟာ ချက်ချင်းပဲ ကျေးဇူးတင်စကားဆိုလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now