"ဒါဆို Jimin shiiရဲ့အစ်ကိုဝမ်းခွဲနေရာကို သူ(မ)က..."

"မသိဘူး ဒီကြားထဲဘာတွေဖြစ်သွားလဲကျွန်တော်မသိလိုက်ဘူး။ အဘိုးနဲ့စိတ်ဆိုးပြီးKoreaကိုပြန်လာတယ် အစ်ကိုနဲ့ကဖုန်းအဆက်အသွယ်ပဲရှိတာ။ အခုတလောအစ်ကို့စီကဖုန်းမရတာကြာပြီ။ အစကအလုပ်ရှုပ်နေတယ်လို့ပဲထင်ထားတာ။ အခုတော့..ဟူး....."

Jiminကစိတ်ရှုပ်နေဟန် မျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်၍သက်ပြင်းချ၏။ Taehyungတို့လည်းမိသားစုအတွင်းရေးကိစ္စဖြစ်နေသောကြောင့်မည့်သို့ကူညီပေးရမှန်းမသိပေ။ သို့ပေမဲ့မိသားစုဖြစ်နေသော်လည်းသူတစ်ပါးဥစ္စာအားလက်နက်ဖြင့်ချိန်းခြောက်ကာဓားပြတိုက်သလိုတိုက်ယူသွားသောသူကြောင့်ဥပဒေအရဖြေရှင်းသင့်သည်မှာတော့အမှန်ပင်။

"အဘိုးကိုပြောပြလိုက်ပါလား" Yoongiရဲ့အကြံပေးစကားအဆုံး...

"အင်းအဘိုးကိုပဲပြောပြရမှာပဲ ကိုယ်မွေးထားတဲ့မျောက်ကိုယ့်ပြန်ခြောက်နေမှန်းမသိပဲဒီတိုင်းလွှတ်ပေးထားတယ်။ အစ်ကို့ကြောင့်သာပေါ့မဟုတ်ရင်ဒီတိုင်းလွှတ်ပေးထားလိုက်ပြီ"

Jiminက သူ့ရဲ့အဘိုးကိုဒေါသထွက်နေဟန်ရေရွတ်နေသည်။

"ဒါနဲ့ Jeon Dohyunကိုရောဘယ်လိုလုပ်မှာလဲ"
ဒေါသပြေသွားပုံရသောJiminကTaehyungဘေးနား၌ထိုင်နေသောလူအားအမေးပြုလိုက်သောကြောင့် စားပွဲရှိလူအားလုံးရဲ့အာရုံစူးစိုက်မှုကသူ့ထံတွင်သာ။

"Jeonကတော်ကိုမေးကြည့်တာတော့သူလည်းမသိဘူးလို့ပြောတာပဲ။ Daddyကတော့အဖြစ်အပျက်တွေကိုမယုံနိုင်လို့လားမသိအိပ်ယာထဲလဲနေတယ်၊ အဲ့ကောင်နာမည်ကိုတောင်မဟရဲဘူးဒေါသတွေထွက်လာပြီးသတိမေ့သွားမှာစိုးလို့။ "

အမေးတခြားအဖြေတခြားဖြစ်နေသည်ကိုတော့မျက်မှောက်ကြုတ်လျက်ရှိနေသောထိုလူသားကရိပ်မိမည်မထင်။ ထိုအခါမှTaehyungတို့လည်း စိတ်ရှုတ်နေသောသူ့အားဘာမှထပ်မမေးရန်ဆုံးဖြတ်လိုက်တော့သည်။ ပြဿနညတွေကထပ်ကာထပ်ကာရှုတ်လာလေပြီ။ ဘာကိုအရင်ဖြေရှင်းရမှန်းမသိအောင်အထိ။

"ရဲစခန်းကိုအကြောင်းကြားလိုက်ရင်ရော" Seokjinရဲ့အကြံပေးချက်ကိုမစဥ်းစားမိသူမှာမည်သူမျှမရှိပေ။ သို့ပေမဲ့ဒုစရိုက်လုပ်ငန်းအားလုပ်နေခြင်းအားသိလျက်နဲ့မဖမ်းနိုင်ခဲ့သောအဖြစ်အပျက်များစွာသည်မျက်စိရှေ့မှောက်တွင်ရှိနေခဲ့သည်မဟုတ်လား။
အားလုံးရဲ့အတွေးများကိုသိနေဟန်Seokjinကထပ်၍ပြောသည်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now