Christmas Special Extra 1

Start from the beginning
                                    

"မင်းမလိုက်နိုင်ဖူးလို့ သူ့ကိုပြန်ပြောလိုက်!! ကိုယ့်ကို တစ်ပတ်ကြီးများတောင် ထားခဲ့မှာ မင်းရူးနေပီလား ?? မင်းမရှိပဲ ကိုယ်ဘယ်လိုနေရမှာလဲ?? ကိုယ့်အတွက်ကော ထဲ့စဉ်းစားပေးရဲ့လား Pete??"
Vegas ဒီနေ့ ပင်မအိမ်တော်နဲ့ မျက်နှာချင်းဆိုင် မိသားစု အစည်းအဝေးသွားဖို့ရှိတော့ ရေချိုးခန်းထဲက ထွက်လာပီး အဝတ်အစားလဲပြင်ဆင်နေရင်း
ပါးစပ်ကလည်း အဆက်မပြတ် ပွမ်နေတော့တာ...

"ဒါပေမဲ့ အကိုလေးKhun က ငါမ
လိုက်ခဲ့ရင် မင်းအိမ်ကို မီးတင်ရှိူ့မဲ့တဲ့... အဲ့တော့ ငါဘယ်လိုလုပ်ရတော့မှာလဲ??"
မျက်ခုံးပင့်ပြရင်း သူ့ကိုမေးကြည့်တော့ -

"အကိုကြီးက အရူးလား?"
Vegas က အဝတ်ဝတ်နေရင်း ခါး
မတ်မတ်ရပ်ကာ ပြန်မေးလာတယ်..

"မင်း ဒါကိုမေးနေစရာလိုသေး
တယ်လား? သူက မင်းရဲ့ အကိုကြီးပဲလေ"
ဆိုဖာပေါ်ခေါင်းမှီချပီး မျက်နှာကြက်ကိုပဲ စိတ်ပင်ပန်းစွာ မော့ကြည့်နေလိုက်သည်..

"ကိုယ်မင်းကို မလွှတ်ပေးန်ုင်ဖူး!! မင်း ပင်မအိမ်နဲ့ ခရစ်စမတ်ဆင်နွဲခဲ့ဖူးတာပဲကို"
Vegas အသံက နောက်ဆုံးပိုင်းတွေမှာ တီးတိုးရေရွတ်နေသလိုမျိုးလေးပဲ..

"အကိုလေးKhun က ခရစ်စမတ်ကို သူနဲ့အတူ ပင်လယ်ကမ်းခြေမှာ ဆင်နွဲရမယ်တဲ့... ငါငြင်းလိုက်ရင် သူဘယ်လောက်တောင် ရူးရူးမိုက်မိုက်တွေ လုပ်မယ်ထင်လဲ? ငါတကယ်စိတ်ပျက်နေပီ"

ခေါင်းကိုစိတ်ပျက်လက်ပျက်ခါရင်း ဆိုဖာကိုခေါင်းနဲ့ဆောင့်နေမိတော့သည်.. Vegas က အပေါ်ပိုင်းဗလာ နဲ့ ရုတ်တရက် ကျတော့်ခြေထောက် ၂ချောင်းကြား လာရပ်တော့ လန့်ပီးမော့ကြည့်မိကာမှ သူ့ဗိုက်က ကြွက်သားတွေကိုကြည့်ရင်း မျက်နှာပူလာကာ အကြည့်လွဲမိတယ်...

 Vegas က အပေါ်ပိုင်းဗလာ နဲ့ ရုတ်တရက် ကျတော့်ခြေထောက် ၂ချောင်းကြား လာရပ်တော့ လန့်ပီးမော့ကြည့်မိကာမှ သူ့ဗိုက်က ကြွက်သားတွေကိုကြည့်ရင်း မျက်နှာပူလာကာ အကြည့်လွဲမိတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Vegas x Pete (official side story)Where stories live. Discover now