Christmas Special Extra 1

1.7K 113 6
                                    

((ဒီ extra 3ပိုင်း လေးကို မူရင်း
စာရေးဆရာ DAEMI က VegasXPete Fan တွေအတွက် လက်ဆောင်ရေးပေးခဲ့တာမို့
မူရင်းဝတ္တုလမ်းကြောင်းကို အနဲငယ်
ခွဲထွက်ထားပါတယ်..ဆိုလိူတာက Venice ပေါက်စလေး မပါ ပါဖူး))

Pete's Pov

"မဖြစ်ဖူး!! ကိုယ် လုံးဝ မင်းကိုလက်မလွှတ်နိုင်ဖူး!!"

Vegas က ရေချိုးခန်းထဲကနေ အသံကုန်အော်နေတော့ ကျတော်သက်ပြင်းသာ ချမိတော့သည်..
သူဒီလိုငြင်းမယ်ဆိုတာ ကြိုသိပီးသားပါပဲ... စိတ်ကောက်နေမဲ့ Vegas နဲ့ နားထဲကသွေးထွက်လာတော့မတတ်ဆူပူနေမဲ့ အကိုလေးKhun... သူတို့နျောက်မှာ ဘယ်သူ့ကို ကျတော်ပိုကြောက်မယ်ထင်လဲ???
အကိုလေး Khun ဆိုတာ သေချာတာပေါ့ဗျာ!!! သူလိုချင်တာ မရရင်
မုန်တိုင်းဝင်သွားသလို သောင်းကျန်း
တတ်တာ လူတိုင်းအသိပဲမလား!!
<<Pete က ပင်မအိမ်က
သက်တော်စောင့်လည်းမဟုတ်တော့တဲ့အပြင် Vegas ရဲ့ wifey ပါဖြစ်နေပီမို့ *သခင်လေး* မသုံးတော့ပဲ *အကိုလေး* ဆိုပီးပြောင်းသုံးမယ်နော်>>

အခု ကျတော် Vegas နဲ့ တစ်အိမ်
တည်းနေ လာတာ ၂လရှိခဲ့ပီ... ပထမအပတ် စ နေတုန်းကဆိုရင်
အကိုလေးKhun က လက်အောက်ခံစံအိမ်ကို နေ့တိုင်းမပျက်မကွက်ကိုလာပီး သူနဲ့အတူပြန်လိုက်လာဖို့နားချခဲ့တာ... လာတိုင်း အာပေါက်မတတ် ငြင်းလွှတ်ရတာ ရူးသွားတော့မတတ်ပဲ!!

"အကျိုးအကြောင်း ရှင်းပြဖို့ကို ငါတအားပျင်းလွန်းနေပီ"

ပင်ပန်းလွန်းတာမို့ ဆိုဖာပေါ်မှာခြေ
ပစ်လက်ပစ်သာထိုင်ချလိုက်တော့
၏... အကိုလေးKhun ကလည်း
ကျတော့ကို နားလည် မပေးနိုင်သလို Vegas ကလည်း ကျတော့်ကို မသနားဖူး... အခု ကျတော့်အဖြစ်က အရူးတျောက်ဆီကနေ တခြားတျောက်ဆီကို ကူးပြောင်းလာရသလိုပါပဲ..
သူတို့က တကယ်ကို လက်လန်ခွက်လန်တွေရယ်...
အဝေးကိုထွက်ပြေးသွားပီး ကျတော့်ကို ရှာမတွေ့တော့မှ အဲ့၂
ယောက် ရင်ကွဲနာကျပီး သေကြပစေလေနော်....
တကယ်ရူးပီး သေသွားကြပါစီဗျာ!!

ဘာလို့ငါ့ဘဝက ဒီလိုဖြတ်သန်းနေရတာလဲ?? တစ်ရက်မှာ ငါသေချာ
ပေါက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စိတ်ရောဂါကုဆေးရုံရောက်မှာပဲ!! အခုဆို ငါ့ mood တွေက လည်း အ
စွန်းရောက် တစ်ယောက်လို ဖြစ်လာနေပီ!! အဲ့တာကြောင့်မို့ ကျေးဇူးပြုပီး ငါ့အပေါ် အပြုအမူတွေလည်း
ဆင်ခြင်ပေးကြပါ!! သနားကြပါအူး!!

Vegas x Pete (official side story)Where stories live. Discover now