မရဘူး ကျွန်တော် Jeon နဲ့ အတူတူနေလို့ မရဘူး။
ကျွန်တော် သူ့ဘဝထဲက ထွက်သွားမှဖြစ်မယ်။ ဒီတိုင်းဆို ရှေ့လျှောက်Jeon ပဲ ဒုက္ခရောက်ရမှာ။ Jeon မှာ အနာဂတ်တွေရှိသေးသည်။ သူစိတ်ဝင်စားတဲ့ မိန်းကလေး လှလှလေး တစ်ယောက်ကို လက်ထပ်ကာ ပျော်ရွှင်တဲ့ မိသားစုဘဝလေးလဲ ရစေချင်မိသည်။
ကျွန်တော် Jeon အနားက ထွက်သွားလိုက်တော့မည်...။
ကျွန်တော် Jeon ကို မုန်းလို့ မဟုတ်ဘူးနော်။
Jeon ကို ကျွန်တော် ဘယ်တော့မှ မမုန်းဘူး။
ကျွန်တော်သိပ်ချစ်တာဗျာ...မုန်းစရာလား။
Jeon အပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေ စစ်မှန်တယ်ဆိုရင်တော့ နောက်ဘဝတွေကျ Jeon ကို ကျွန်တော်ပိုင်ရမှာပါ ဟုတ်တယ်မလား။
ခင်ဗျားတို့ကိုလဲ ကျွန်တော် နှုတ်ဆက်ခဲ့တယ်နော်။ နောက်ဘဝတွေကျ ပြန်တွေ့ကြရအောင်။
.....................................................................
ဟယ်ယောင်း ထွက်သွားပြီးတဲ့နောက် အခန်းထဲ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့သည်။ ကျွန်တော် မတ်တပ်ရပ်နေရာမှ ထိုင်ချလိုက်ကာ အမှောင်ထဲ ငြိမ်သက်စွာ နေမိသည်။ ငိုချင်ပေမယ့် မျက်ရည်တွေက ကျမလာခဲ့...။ ရင်ဘက်တစ်ခုလုံး ထိုးအောင့်လာတာမို့ ဖြေးဖြေး လှဲချလိုက်ကာ ကွေးကွေးလေးနေပြီး ရင်ဘက်တွေကို ဖိထားလိုက်မှ နေရ အဆင်ပြေတော့သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် Hyung ရယ် ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ဗျာ"
ပါးစပ်ကနေ တောင်းပန်တယ်ဆိုသော စကားကို တဖွဖွပြောနေမိခဲ့တာ ကျွန်တော့်ကိုယ်တိုင်တောင် သတိမထားမိခဲ့ပါ။
Hyung တကယ်ပဲ ထွက်သွားပြီလား...။
အသိစိတ်ကသာ Hyung ထွက်သွားပါစေဆိုပြီး ဆုတောင်းနေခဲ့ပေမယ့် မသိစိတ်ကတော့ အနားမှာပဲ ရှိနေစေချင်သေးသည်။ ခုမှ ကျွန်တော်တို့ ချစ်ရတာ ခနလေးပဲ ရှိသေးတာ မဟုတ်လား။
Jungkook လှဲနေကာမှ ထလာလိုက်ကာ ကားထဲမှာ ထားခဲ့သော အဆောင်လက်ဖွဲ့လေးကို ယူကာ လက်တွင်ပတ်လိုက်ပြီး အိမ်ထဲသို့ ပြေးဝင်ကာ...
"Hyung!!! Hyung ရေ"
တစ်ခန်းဝင်တစ်ခန်းထွက်ကာ အရင်တစ်ခါကလို
အိမ်တစ်အိမ်လုံး ပတ်ရှာနေခဲ့သည်။ ဒါပေမယ့် အိမ်ကြီးထဲ ကျွန်တော်ကလွဲ ဘယ်သူမရှိ။
Hyung က တကယ်ထွက်သွားခဲ့တာဗျ။
ဒီတစ်ခါတော့ သူ ကျွန်တော့်ဆီ တကယ်ပြန်မလာတော့ဘူး ထင်ပါတယ်ဗျာ...။
.....................................................................
Switzerland ...
Hyung ရဲ့ မွေးရပ်မြေလေးပေါ့...။
Hyung လိုပဲ အေးအေးချမ်းချမ်းလေးနဲ့ သိပ်လှတယ်။ ကျွန်တော် ခု Seoul ကိုပြန်ဖို့ Switzerland လေဆိပ်ကို ရောက်နေတာ။
Hyung မရှိတော့တဲ့ နောက်ပိုင်း Seoul က Hyung ရဲ့လုပ်ငန်းတွေကို ကျွန်တော် ဆက်ပြီး တာဝန်ယူခဲ့ရတယ်။ Hyung ဖေဖေက နေကောင်းသွားတဲ့အခါ Seoul ကို ၂လ တစ်ခါလောက် လာကြည့်ပေးပြီး လိုတာတွေ သင်ပြပြောပြပေးခဲ့တယ်။ အစပိုင်းတော့ ခက်တာပေါ့ဗျာ။ အမှန်တိုင်းပြောရရင် အဲ့ဒီအချိန်တွေကို ကျွန်တော် ပြန်မတွေးချင်ဘူး ပင်ပန်းလွန်းလို့။ အလုပ်တွေကနားမလည်တာ တစ်မျိုး။ Hyung ကို လွမ်းတာက တစ်မျိုးနဲ့။ Hyung မပါဘဲ ကျွန်တော် တစ်ယောက်တည်း လျှောက်ခဲ့တဲ့လမ်းက တော်တော် ခက်ခဲခဲ့တယ်။ ခုတော့လဲ နေသားတွေကျနေပါပြီ။ အချိန်ကလဲ ၅နှစ်တောင် ရှိခဲ့ပြီလေ...။
ကျွန်တော် ဒီကို Hyung ရဲ့ မွေးနေ့ October 13တိုင်း ရောက်အောင်လာခဲ့သည်။ Hyung နဲ့ အတူရှိခဲ့တဲ့ အချိန်တုန်းက သူ့မွေးရပ်မြေက သိပ်လှတာမို့ ကျွန်တော်နဲ့ အတူသွားချင်တယ်ဆိုပြီး ခနခနပြောနေကျ။ ဒါကြောင့် တစ်နေ့နေ့များ ဒီမှာ ပြန်တွေ့နိုင်မလား ဆိုပြီး ကျွန်တော် လာစောင့်နေခဲ့တာ။ ဒီနှစ်လဲ မတွေ့ရပါဘူးဗျာ...။
ကဲ လေယာဥ်တောင်ထွက်တော့မယ်။ ကျွန်တော်ပြန်လိုက်ပါအုံးမယ်။ နောက်နှစ်ကျ ဒီမှာ ပြန်ဆုံမယ်နော်...။
.....................................................................
Note_ ဒါလေးက ကိုယ်စိတ်တွေရှုပ်နေတုန်း Dancing With Your Ghost song ကို ခနခနနားထောင်ရင်း plot လေး ရလာလို့ ရေးလိုက်မိတာပါ။ တကယ်လို့များ ကိုယ့်စာက တခြားဇာတ် တစ်ခုခုနဲ့ ဆင်ခဲ့သည်ရှိသော် Copy ထားတာမဟုတ်ကြောင်း ကြိုပြီးပြောထားပါရစေ။
ပထမဆုံးစရေးတာလေးမို့ တစ်နေရာရာမှာများ အဆင်မပြေခဲ့ရင်လဲ အားနာရပါတယ်။
စိတ်ရှုပ်နေချိန်ရေးခဲ့တာမို့ အရမ်းကြီးတော့ မ sweet လိုက်ဘူးပေါ့နော်။
ဖတ်ပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။
-The Ghost-
Start Date_28.6.22
End Date_4.7.22
YOU ARE READING
The Ghost
Fanfictionအဲ့ဒီနေ့က အရာအားလုံးရဲ့ အဆုံးသတ်ပဲ။ ဒီတစ်ခါတော့ သူ ကျွန်တော့်ဆီ တကယ်ပြန်မလာတော့ဘူးထင်ပါတယ်ဗျာ...။
The Ghost (Part 10_end)
Start from the beginning
