အခန်းထဲမှ ပြေးထွက်လာခဲ့ကာ ခြံရှေ့ရောက်လာတော့ ကျွန်တော် ခနရပ်လိုက်ပြီး အိမ်ထဲသို့ လှမ်းကြည့်မိလိုက်သည်။ ဒီအချိန်လောက်ဆို အိမ်ထဲမှာ Jeon နဲ့ ထိုမိန်းကလေး...။
"မင်း မင်း လုပ်ရက်လိုက်တာ Jeon ရာ"
ကျွန်တော် ၁၆နှစ်ကျော်လုံး သူ့မျက်နှာပဲ ကြည့်လာခဲ့တာ။ ကျွန်တော် ချစ်တယ် ကျွန်တော်က ချစ်တာမို့ အတတ်နိုင်ဆုံး သူစိတ်ချမ်းသာအောင် ထားပေးခဲ့တယ် ဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော် ၁၆နှစ်လုံး စောင့်ခဲ့ရလို့နဲ့ တူတယ် ဇွဲဆုအနေနဲ့ Jeon ကလဲ ကျွန်တော့်ကို ချစ်တယ်တဲ့။ Jeon ကျွန်တော့်ကို ဖွင့်ပြောတဲ့ အချိန်တုန်းကများဆို ကျွန်တော်လေ တလောကလုံးကို အပိုင်ရလိုက်သလိုပဲ...ပျော်တာများ စကားလုံးနဲ့တောင်မဖော်ပြတတ်ဘူး။ တရားဝင် ချစ်သူတွေအနေနဲ့ တွဲခဲ့တဲ့ တစ်ပတ်ကတော့ ကျွန်တော့်အသက် ၂၅နှစ်အတွင်းမှာ ကျွန်တော် အပျော်ရဆုံး ၇ရက်ပါပဲ။ ဖြစ်နိုင်ရင်လေ အချိန်တွေကို အာ့နားတွေဆီ နောက်ပြန်ရစ်လိုက်ချင်မိသည်။ဒါပေမယ့် မဖြစ်နိုင်တော့ဘူး။
မိန်းကလေး လှလှလေးတွေပဲ စိတ်ဝင်စားတာ။
အမွေ မရမှာစိုးလို့ လက်ထပ်ခဲ့တာ။
အနေအစားချောင်အောင် ရေလိုက်သင့် ငါးလိုက်သင့်နေခဲ့တာ။
နှလုံးသားကို ဓားနဲ့ခွဲသော စကားတွေ...။
ကျွန်တော် ခနတော့ အော်ဟစ်ကာ ငိုလိုက်သည်။ ခုချိန်ကျွန်တော်ငိုနေလဲ ဘယ်သူမှ ကြားရမှာမှ မဟုတ်တာ။ ဝအောင် ငိုပြီးသွားတဲ့အခါတော့ ကျွန်တော် စိတ်အေးအေးထားကာ စဥ်းစားမိလိုက်သည်။
Jeon မမှားဘူး။ မှားနေတာက ကျွန်တော်။
Jeon က လူသား။ ကျွန်တော်က ဝိဥာည်။
ကျွန်တော်တို့ ၂ယောက် ဒီတိုင်း တစ်သက်လုံး အတူနေသွားလို့မှ မရဘဲ။
ကျွန်တော်လေ Jeon ရဲ့ ဘဝထဲကို အရမ်းဝင်စွက်ဖက်မိသွားတယ် ထင်တယ်။ အသက်ရှင်နေတုန်းကလဲ ကျွန်တော်ချစ်လို့ပါဆိုပြီး အစစအရာရာ အကုန်လိုက်လုပ်ပေးခဲ့တော့ Jeon တစ်ယောက်တည်း ကျန်နေခဲ့တဲ့အချိန်မှာ ဘာမှ မလုပ်တတ်တော့ဘူး။ ဝိဥာည် ဘဝရောက်တော့လဲ ကိုယ့်လမ်းကိုယ်လျှောက်ရမယ့်အစား Jeon ကို ကျွန်တော် ဒုက္ခတွေ ပေးနေမိခဲ့သေးတာ။
YOU ARE READING
The Ghost
Fanfictionအဲ့ဒီနေ့က အရာအားလုံးရဲ့ အဆုံးသတ်ပဲ။ ဒီတစ်ခါတော့ သူ ကျွန်တော့်ဆီ တကယ်ပြန်မလာတော့ဘူးထင်ပါတယ်ဗျာ...။
