အခန်း(၈) (Uni & Zawgyi)

En başından başla
                                    

ဟန်ချီ ပြတင်းပေါက်နားသို့ ဖင်တရွတ်တွန်းကာ ရွှေ့ရင်း ထိုအသံအား နားစွင့်နေမိပါတော့သည်။
သိပ်မကြာမီပင်လွှင့်ပျံလာသည့် သီချင်းသံကတော့.....

" တစ်ကယ်ဆိုရင်...ကိုယ်ကလည်း ချစ်မိနေ  ပြီ...
  
ဖွင့်ဟလို့အပြောခက်သည်....

အကြင်နာတွေ ပိုမြူချိုလို့..အလှမျက်ဟန်ချီ

မင်းအကြည့်ကို ကိုယ်သိသည်.....

နှစ်ကိုယ်တူချစ်..ချစ်တဲ့ အကြောင်းကိုတည်

မျက်လုံးချင်းစကားပြောနေပြီ...

ခူးမယ်ပြင်..ဒီအပင် အရင်ညွှတ်မည်...

အခုတော့ တမင်ဟန်ဆောင်သည်....

ဘယ်လိုပုံစံအခြေနေမျိုးနဲ့ တွေ့ကြုံမည်...

အသည်းနှလုံးကထိတ်လှသည်.....

ပန်သူအလျင်လိုပါလျှင်.....

ကြွေလာပါနှင်းဆီ.....
 
 အချိန်တော်ခါမလင့်ပြီ......."

သာယာစွာ လွှင့်ပျံလာတဲ့ အသံသြရှရှက ဟန်ချီနားမှတစ်ဆင့် နှလုံးသားဆီထိပါ လှုပ်ခတ်လေရာ ရင်တုန်းပန်းတုန်ပင် ဖြစ်လာတော့သည်အထိ။ အရမ်းကြီးကောင်းသည့် အသံမျိုးမဟုတ်ပေမယ့်..... ယောကျာ်းဆန်သည့် အသံသြရှရှက ဆွဲငင်နိုင်သည့် ဓာတ်တွေပါနေသလို.... သတိမထားမိခင်မှာပဲ ဟန်ချီ မတ်တပ်ရပ်လိုက်ကာ အသံလာရာဆီကြည့်လိုက်တော့ ထိုသူပင်.....

ဂစ်တာကိုပဲအာရုံစိုက်ကာ တီးရင်းသီဆိုနေသူက ဟန်ချီထွက်လာသည်ကို မမြင်သေးပါ..... ဘေးမှအဖော်လိုက်လာသည်ဖြစ်ဟန်တူသောသူတစ်ယောက်က ပခုံးအားအသာပုတ်မှ အပေါ်သို့မော့ကြည့်လာသူက ဟန်ချီကိုမြင်တော့ ကျေနပ်ပြုံးကြီးပြုံးသွားသည်များ နှစ်နှစ်ချိုက်ချိုက်။ 

ဟန်ချီမှာလည်း ထိုသူ့အပြုံးကိုမြင်ခိုက် စိတ်ထဲ၀ယ်  တောင်းတနေတဲ့လိုအင်တစ်ခုပြည့် ၀သွားသလို...လှိုင်တက်လာသည့် ကြည်နူးမှုနှင့်အတူ  မျက်နှာနုနုပေါ်၌ အပြုံးတစ်ပွင့်ဖြစ်တည်လာပါတော့သည်။  ထိုအပြုံးမှာများ ပါးချိုင့်လေးတွေ နှစ်၀င်ကာ သွားစွယ်လေးတွေလည်း ကိုယ်ထင်ပြလို့......

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Hikayelerin yaşadığı yer. Şimdi keşfedin