အခန်း(၅) ပင့်ကူကြိုးမျှင်ငွေခေါင်းလောင်း

Start from the beginning
                                    

ထိုစကားကိုကြားပြီးနော် ကျီယန်းရန်က စိတ်နှလုံးထိခိုက်စွာဖြင့် သက်ပြင်းချလိုက်ရင်း..
" မင်းကတော့ လုပ်ကြံခံရမှာကိုစိုးရိမ်စရာမလိုဘဲ ထိုင်နေရုံနဲ့ငွေရှာနိုင်တယ်.. တိုက်ခိုက်နေကြရင်တောင် လူတိုင်းက မင်းကိုကာကွယ်ရတယ်.. ဂိုဏ်းသခင်ယွင်က ဒီလိုကောင်းတဲ့ကိစ္စကို ဘယ်လိုများဆောင်ယူနိုင်တာပါလိမ့် "

" မနာလိုဖြစ်လို့လား..? '
ယွင်ရိဖုန်းက ကြမ်းပြင်ပေါ်ရှိ ထိုင်ဖုံပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး.. လက်ကိုဆန့်ထုတ်ကာ ‌ဒူးခေါင်းကို ထုရင်း... မျက်လုံးများတောက်ပလာကာ..
" မနာလိုတာက ရိုးရိုးသားသားမနာလိုတာပဲ ဖြစ်နိုင်ပါတယ်လေ "

ကျီယန်းရန်၏ နှုတ်ခမ်းထောင့်များက ပင့်တက်သွားကာ.. တစ်ချိန်ထဲမှာပဲ သူ၏လက်များကိုဆန့်ထုတ်ကာ ယွင်ရိဖုန်း၏လက်ကောက်၀တ်ကို စမ်းကြည့်သည်..။ သည်တစ်ခေါက်တော့ အလွန်ပင်ပူနွေးနေ၏..။ အဆိပ်၏ ပူပြင်းသည့်သက်ရောက်မှုကြောင့်မဟုတ်သော်လည်း ပူနွေးသောအပူချိန်ပင်ဖြစ်‌သည်..။ ဆောင်းရာသီ၌ မီးဖိုနံဘေး၌ ခွေ‌၍အိပ်မောကျနေသော သားပေါက်ကလေး၏ ပူနွေးခြင်းမျိုးဖြစ်သည်..။

အပြင်ဘက်မှ အေးစိမ့်သောမြောက်လေက ပွဲကြည့်စင်၏ ပြတင်းတံခါးများကို တကျီကျီမြည်သည်အထိ တိုက်ခတ်‌‌နေပြီး.. အထူးသဖြင့် ယခုကဲ့သို့ တိတ်ဆိတ်သည့်ညချမ်းအချိန်အခါတွင် ကြားရသည်မှာ ဆိုးဝါးလွန်းလှသည်..။ ယွင်ရိဖုန်းက ခေါင်းကိုမော့ကာ ထိုအသံတို့ကို ခေတ္တမျှနားထောင်ပြီးနောက် အကူအညီမဲ့သည့်အသံဖြင့်..
" ဒီနေ့ညတော့ ငြိမ်းငြိမ်းချမ်းချမ်းနေရပါ့မလား‌တောင်မသိဘူး.. "

" မင်းဒီလိုတွေးကြည့်ရမယ် "
ကျီယန်းရန်က..
" မငြိမ်းချမ်းလေ ဘာတွေဖြစ်နေတာလဲဆိုတာ မြန်မြန်သိနိုင်ပြီး တောင်ပေါ်က မြန်မြန်ဆင်းနိုင်လေပဲလေ.. ဒါကြောင့် ဒီနှင်းဖုံးနေတဲ့တောင်ပေါ်မှာ အဝိုင်းခံထားရတာထက်စာရင် ပြဿနာကိုပဲ တံခါး၀ကို မြန်မြန်ရောက်လာစေချင်နေပြီ "

ယွင်ရိဖုန်းက မျက်လုံးကိုပင့်ကာ ကျီယန်းရန်အားလှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ရင်းဆိုသည်..
" ဒါဆိုကျွန်တော်လည်းသဘောတူပါတယ်..  ဒါပေမယ့် ပြဿနာက နောက်နေ့အထိစောင့်ပေးရင် ပိုပျော်မိမှာပဲ "
မဟုတ်ရင် ညနက်သန်းခေါင်ကြီးမှာ အမှောင်ထဲ အိပ်ယာထပြီး ချမ်းချမ်းစီးစီးဆောင်းရာသီကြီးထဲ တိုက်ခိုက်ဖို့ရန်အတွက် အ၀တ်လဲရမှာက သူ့အတွက်တော့ စိတ်မသက်မသာဖြစ်စရာပင်..။

ဆီးနှင်းဓား {A Sword of Frost}Where stories live. Discover now