အခန်း(၅) ပင့်ကူကြိုးမျှင်ငွေခေါင်းလောင်း

182 15 9
                                    

Unicode

ကျီယန်းရန်က ထိုစကားကိုမယုံကြည်နိုင်ဘဲ..
" ဒါကဘယ်လိုစည်းမျဉ်းမျိုးလဲ..?"

ယွင်ရိဖုန်းက မျက်ခုံးကိုပင့်ကာ ကျီယန်းရန်ကိုကြည့်ရင်း..
" ဘာလို့လဲဆိုတော့ လူတိုင်းက သတင်းနဲ့ အချက်အလက်တွေကို ဖုန်းယွီဂိုဏ်းက ၀ယ်ဖို့လိုအပ်ကြပြီး.. ကျွန်‌တော်ကလည်း ဂိုဏ်းချုပ်ဆိုတော့.. သေချာတာပေါ့ ကျွန်တော်က အရမ်းအဖိုးတန်တယ်လေ.. "

သိုင်းလောက၌ လူ‌ပေါင်းများစွာရှိကြသလို.. ကိစ္စများစွာလည်း ဖြစ်ပျက်နေကြသည်.. ဆိုလိုသည်ကတော့ ရာနှင့်ချီသော သတင်းများက နေ့စဉ်နှင့်အမျှ ပြန့်နှံ့နေပြီး အမှန်နှင့်အမှားတို့က ရောပြွမ်းနေကြသည်..။  မည်သည့်အချိန်၌မဆို တစ်စုံတစ်ယောက်က တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို စုံစမ်းမေးမြန်းလိုသည့်အခါ.. ဖုန်းယွီဂိုဏ်းကိုသွားလိုက်ခြင်းက ယုံကြည်စိတ်ချဆုံးသော နည်းလမ်းဖြစ်လာ၏..။
အချိန်ကြာလာသည်နှင့်အမျှ.. ဤ"စည်းမျဉ်း"ဟူသည့်အရာမှာ လူ့အဖွဲ့အစည်း၌ အခြေခိုင်လာတော့၏..။
အဓိကရမိသားစုပဲဖြစ်စေ၊ မိစ္ဆာဂိုဏ်းပဲဖြစ်စေ၊ 
" သဲများလေထဲပျံ၍ ကျောက်တုံးများလေထဲလွင့်ကာ.. သွေး‌များမြစ်လိုစီး"သည်အထိ တိုက်ခိုက်ကြသည့်တိုင်၊ ဖုန်းယွီဂိုဏ်း၏ သတင်းကြောင့် အိမ်တော်တစ်ခုလုံးမှာ ပင်ကိုယ်စွမ်းရည်မြင့်သည့် တစ်စုံတစ်ယောက်၏ အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းကိုခံရဖူးသည့်တိုင်... တိမ်(ယွင်)ကို မလှုပ်နိုင်ပဲ လေ(ဖုန်း)ကိုသာ မှီခိုကြရမြဲပင်..။ အဆုံးမှာတော့ တစ်စုံတစ်ယောက်က သတင်းအချက်အလက်များကို စုဆောင်းပေးရန်လိုအပ်ပြီး..  ဂိုဏ်းသခင်ယွင်ကလည်း ဤအလုပ်ကို မှန်ကန်ကောင်းမွန်စွာလုပ်ကိုင်နိုင်လေသည်..။ သိုင်းလောကအသိုင်းအ၀ိုင်း၌ ဤကဲ့သို့သောသူမျိုး မရှိခဲ့ဖူးပေ..။

( LUX- သဲများလေထဲပျံ၍ ကျောက်တုံးများလေထဲလွင့်(idiom) ၊ သွေး‌များမြစ်လိုစီး(idiom)

တိမ်(ယွင်)ကို မလှုပ်နိုင်ပဲ လေ(ဖုန်း)ကိုသာ မှီခိုကြရမြဲ - ယွင်ရိဖုန်းရဲ့နာမည်က ယွင်ဆိုတာက တိမ်ပါ။ ဖုန်းကတော့ လေ။ တိမ်ကိုမလှုပ်နိုင်ဘဲ လေကိုမှီခိုဆိုတော့ ယွင်ရိဖုန်းကို မလှုပ်ခတ်နိုင်ဘဲနဲ့ ယွင်ရိဖုန်းတို့ ဖုန်းယွီဂိုဏ်းရဲ့ သတင်းတွေကိုပဲ မှီခိုနေကြရတယ်ဆိုတဲ့ သဘောပေါ့ )

ဆီးနှင်းဓား {A Sword of Frost}حيث تعيش القصص. اكتشف الآن