!ဘာဖြစ်သွားတာလဲ သူ ဘယ်လိုဖြစ်သွားရတာလဲ...!

မိုးရေထဲမှာ ဒီအတိုင်းရပ်နေမိရင်း သူ့စိတ်တွေကို တည်ငြိမ်စေဖို့ ကြိုးစားနေရသည်။ဘီယာတစ်ဘူးလောက်ဖြင့် မူးပြီးအသိစိတ်လွတ်နေတယ် ဆိုရအောင်လည်း သိက္ခာကကျအုံးမည်။ဟိုတစ်ခါကိစ္စတုန်းကတော့ အရက်အရှိန်ရယ် ဆေးအရှိန်ရယ်ပေါင်းပြီး သူကိုယ်တိုင်ထိန်းချုပ်မရ အသိစိတ်ပျောက်နေခဲ့တာ။အခုကျတော့ ကိုယ်တိုင်လည်း အသိနှင့်သတိပါရှိနေရဲ့နဲ့.....

"ကျစ်...."

ရေစိုနေသော ဆံပင်တွေထဲ လက်ထဲဖွရင်း ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်စွာဖြင့် စုတ်သပ်မိ၏။ပြီးတော့ အခုထိပူနွေးနေဆဲ ရှင်းခန့်၏ အငွေ့အသက်တို့ ထင်ကျန်နေဆဲဖြစ်သော နှုတ်ခမ်းလွှာတို့အား ခပ်ကြမ်းကြမ်းပွတ်တိုက် သုတ်သင်မိလေ၏။

!ဒီလူဟာ နိဗ္ဗာန်ယောင်ဆောင်ထားတဲ့ ငရဲပဲ ခြေလှမ်းများကျွံမိရင်း အဆုံးရှိနိုင်မည်မထင်...!

                 ~~~~~

မိုးရေထဲ အကြာကြီးနေပြီးမှ အခန်းထဲကို ပြန်ဝင်လာခဲ့လိုက်သည်။ကားထဲမှာပဲ သွားအိပ်လိုက်ဖို့ စိတ်ကူးမိပေမဲ့လည်း သူများကားပေါ်လည်း တစ်ယောက်ထဲတက်အိပ်ဖို့တော့ မသင့်ဘူးမှတ်လား။ထို့ကြောင့် ဆောက်တည်ရာမရသော စိတ်တို့အား ထိန်းချုပ်ကာဖြင့် အခန်းထဲသို့ပြန်ဝင်ခဲ့လိုက်၏။အခုအချိန်မှာ ရှင်းခန့်မောင်အား သူရင်မဆိုင်လိုပေ။သို့ပေမဲ့ သူ့မှာရွေးချယ်စရာမရှိ။အခန်းထဲသို့ ပြန်ရောက်လာတော့ ကံကောင်းထောက်မစွာ ရှင်းခန့်တစ်ယောက် ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတာကို တွေ့လိုက်ရလေသည်။

သတိထားမိသလောက် ဒီလူက ဒီလိုပဲဖြစ်သည်။အိပ်စက်သည့်အခါတိုင်း ဖက်လုံးကိုကပ်၍ ဘေးတစ်စောင်းကွေးကွေးလေးသာ အိပ်စက်တက်လေသည်။စိတ်လွတ်လက်လွတ် ပေါ့ပေါ့ပါးပါး အိပ်မောကျနေတာမျိုး မဟုတ်ပါပဲ ခန္ဓာကိုယ်ကိုကျုံ့နိုင်သမျှ ကျုံ့ကာ နေရာကျဥ်းကျဥ်းလေးယူသည့်ပုံစံမျိုး။အိမ်မှာတုန်းကလည်း သူသတိထားမိသလောက် နှစ်ယောက်အိပ်ကုတင်အကျယ်ကြီးကို အခန်းထောင့်ကပ်ထားပြီး လူက ထိုနံရံထောင့်နေရာကျဥ်းကျဥ်းလေး၌သာ ကျုံ့ကျုံ့လေးတိုးဝှေ့ အိပ်စက်တက်၏။နေရာကျဥ်းကျဥ်းလေးမှာ ဖြစ်တည်မှုသေးသေးလေးကို ပုန်းကွယ်နေချင်သည့်ပုံစံမျိုး...။

Wild  Rose(complete)Where stories live. Discover now