"ကျောင်းမှာ အဆင်ပြေခဲ့ရဲ့လာ သားသား"

"ဟုတ်ဖေကြီး သူငယ်ချင်းတစ်ယောက်ရခဲ့တယ် မနက်ဖြန်ဖေကြီးနဲ့တွေ့ပေးမလို့"

"အိုက်ဂူး...ဖေကြီးရဲ့ကုကီလေးက သူငယ်ချင်းတောင်ရပြီးတဲ့လား"

"ဟီး...သားရေချိုးတော့မယ်ဖေကြီး"

ဂျောင်ကုလည်း ဖေကြီးအားနှုတ်ဆက်ပြီးအပေါ်ထပ်သို့တက်ခဲ့သည်။

မျက်နှာမှာပြုံးရွှင်နေပေမဲ့ ယွန်ဂီ၏စကားများကြောင့် အတွေးများက ရှုပ်ယှက်ခတ်နေဆဲပင်။

ငါကတကယ်Vampireဖြစ်နေခဲ့တာလာ။ ငါVampireဖြစ်နေရင် ဖေကြီးက ငါ့ကိုချစ်ပါအုံးမလား ။ ဖေကြီးငါ့ကိုကြောက်များကြောက်သွားမလာ။ ယွန်ဂီကိုရော ငါယုံလို့ရရဲ့လာ။

လား
လားဟူသော လား ပေါင်းများစွာက ခေါင်းထဲတွင်ပြည့်နှက်နေသည်ပင်။
ကျောင်းလွယ်အိတ်အားချပြီး ရေမိုးချိုးကာ ဖေကြီးနှင့်အတူထမင်းဆင်းစားလိုက်သည်။

ဦးဦးဟင်နရီမှာတော့ အလုပ်ကိစ္စဖြင့်ခရီးထွက်သွားသည်ဟုဖေကြီးကပြောသည်။
ထမင်းစားအပြီး ကျောင်းစာများအား လေ့လာနေလိုက်သည်။

ဒေါက်..ဒေါက်...

တံခါးခေါက်သံကြောင့် နာရီအား ဂျောင်ကုတစ်ချက်မော့ကြည့်လိုက်သည်။

9:26

"ဖေကြီးဝင်ခဲ့ပြီးနော် ကုကီ"

ဖွင့်လာသောတံခါးချပ်နှင့်အတူဖေကြီးမှာ တံခါးအားတွန်းဖွင့်ပြီးဝင်လာသည်။လက်တွင်လည်းခေါင်းအုံးနှင့်စောင်အားပိုက်ထားလျက်နှင့်ပင်။

ခေါင်းအုံးနှင့်စောင်အား
ဂျောင်ကု၏ကုတင်ပေါ်သို့ပစ်တင်လိုက်ကာ
ထယ်ယောင်းလည်းကုတင်ပေါ်တွင်လှဲချလိုက်သည်။

ထို့နောက်စောင်အားစောင်းမြှီးခြုံပြီး
ခေါင်းတစ်လုံးတည်းဖော်ကာ ဂျောင်ကုအားပြန်ကြည့်လာသည်။

"ဖေကြီးက ကုကီနဲ့အိပ်မလို့"

ဂျောင်ကုလည်း ခေါင်းတစ်ချက်ညိတ်ပြီး
စာကိုသာပြန်လုပ်နေသည်။

အခန်းလိုက်ကာများကိုလည်း အကုန်ပိတ်ထားပြီး
ပြတင်းပေါက်များကိုလည်းအကုန်ပိတ်ထားသည်။

Hey...My Son!Where stories live. Discover now