အပိုင်း(၄၄)

Zacznij od początku
                                    

" ပါးပါး....သားသား အိပ်ယာ နိုးရင်ပြောပြနော်၊ နော် ပါးပါး....."

" ဟုတ်ပါပြီ သားရယ်၊ သားသား နိုးလာရင် ပါးပါးက ပြောပြမယ်နော်...မွ...သိပ်လိမ်မာတဲ့ ကလေးလေး"

" သားသားလည်း ပါးပါးကို ချစ်တယ် "

ခက်ပြီ သားငယ်၊ ပါးပါး ဒီ အကြောင်းတွေ မပြောချင်ဘူး။ ဒီအကြောင်းတွေက်ု ပြန်လည်း မတွေးချင်ဘူး၊ ပါးပါး အခက်တွေ့နေပြီ သားငယ်။ သားငယ်နိုးလာရင် ပါးပါး ဘယ်လို စကားလုံးမျိုးနဲ့ ပြောပြရမလဲ သားရယ်။ အခုတော့...သားသားက ဗီဇပြပြီ၊ သားသားကတော့ သန္ဓေတစ်ခြမ်းယုတ်အကျင့်ပေါ်လာပြီ၊ သိချင်လာပြီဆို မရဘူး အဖြေမရမချင်း အတင်းဇွတ် ယူတက်တဲ့ အမျိုးတစ်ခြမ်းယုတ်လေး။ လိုချင်ပြီဆို ခုရမှ၊ ဒါဆို ဒါမှ အကျင့်ကိုက သူအဖေမမည်ထိုက်တဲ့ ဟိုလူယုတ်မာ သွေး တစ်ဝက်ပါသည်။ ခက်တယ်သားသားရယ် ၊ပါးပါးမပြောပြချင်ဘူး မင်းဒယ်ဒီ အကြောင်းတွေ သားသား ကိုပေးမသိချင်ဘူး။ သားသားအရွယ်  သားအသိဉာဏ် သေးသေးငယ်လေးထဲ မင်းဒယ်ဒီ အကြောင်းတွေ မသိစေချင်ဘူး၊ မင်း ဒယ်ဒီ ဘယ်လောက်ယုတ်ကန်းကြောင်း၊ ကောင်းကွက်ရှာပြောရကြေးဆိုတောင် ငါးဖမ်းပိုက်ကြီးကြီး ကို ချောင်းအပြည့်ချပြီး လိုက်ဆယ်မယ်ဆိုတောင် ဖမ်းမမိသော ကောင်းကွက်တချိူ့၊ ပေါ်ပေါ်လာသော အမိူက်ကဲ့သို့ နှောက်ကျိစရာ ၊ မနှစ်မြို့စရာတွေက ပုံစံတူ နိုင်းပြဖို့ရာတောင် မရှိသလောက် ရှားတယ် သားငယ်။

ပါးပါးက ဒီအချက်အလက်တွေ ပြောပြမိရင် သား ဘယ်လောက်ခံစားရမလဲ၊ သားငယ်ရဲ့ ကလေးအသိ ၊ကလေးအတွေးအခေါ် လေးထဲကို ဒီလိုညစ်ညမ်းပျက်စီးနေတဲ့ မှတ်ဉာဏ်မျိုး ပါးပါး မထည့်ပေးချင်ဘူး၊ သူ့က သားရဲ့ မခေါ်ချင်ပေမယ့် မတော်လို့ မရတဲ့ ဖခင်မို့  သူ့က သားရဲ့ဒယ်ဒီပါ သားငယ်။ ပါးပါးတို့သားအဖ အပေါ် ဒီလူ ဘယ်လိုရက်စက်ယုတ်မာခဲ့တယ် ဆိုတဲ့ အမှန်တရားကိုသာ သားသိကြည့် သားတစ်သက်လုံး ဒယ်ဒီဆိုတဲ့ စကားလုံးဝေါဟာရကိုပါ သားငယ်မုန်းတီးသွားလိမ့်မည်။ ဒီလိုအဖြစ်မျိုး ပါးပါးက မပေးချင်သလို ဘယ်တော့မှလည်း အသိပေးမှာမဟုတ်ဘူး ၊ ဖခင်က ဖခင်ပဲ သားငယ် ..သူ့ က ပါးပါးတို့အပေါ် ဘယ်လောက်ဆိုးနေပါစေ မိဘက မိဘပါပဲ။

ချစ်ခြင်းတို့အလွန် Opowieści tętniące życiem. Odkryj je teraz