အပိုင်း(၄၄)

Start from the beginning
                                    

"ဟင့်...ပါးပါး လို့"

" ဟော....ဘာလို့မျက်နှာညိုးရတာလဲ သားရယ်၊ ပါးပါးကို ပြောပါ ...."

"ပါးပါး က သားသား မေးတာ မဖြေဘူး သားသားသိချင်တယ်လေ ၊ ဟိုဦးဦးက သားသားကိုတွေ့ရင် ငိုနေတယ် ပါးပါး ဘာလို့လဲဟင် "

"သားသားရယ် ...နောက်ကြ ပါးပါးက ပြောပြမယ်၊ အခု သားသား ဘယ်နေရာနာလဲ ၊ သားလက်လေးနာနေလား ၊ ပါးပါးကိုပြော"

" သားသား ဒယ်ဒီက ပြန်လာတာလား ဟင်၊ အကြာကြီးရှိပြီ တခါမှလည်း သားသားတို့ဆီ ပြန်မလာဘူး ပါးပါး ၊ ဘာလို့လဲဟင် "

" တော်တော့ သားသား၊ ပါးပါး ပြောနေတယ်လေ ....ပါးပါး သားကိုမဆူချင်ဘူး ၊ နောက်မမေးနဲ့ "

ကျွန်တော် ငေါက်လိုက်လို့ မဲ့ကျသွားတဲ့ သားမျက်နှာလေးက ကျွန်တော့်အသည်းနှလုံးသားကို ညှစ်ချေနေသည့်အလား ၊ ပါးပါး သားကိုမဆူရက်ပါဘူးကွာ။ ပါးပါး သားကိုပြောပြဖို့ အားမရှိသေးလို့ပါ ၊ သားသားမမှား ပါဘူးကလေးရယ်။ မဲ့ကျမသွားနဲ့သားရယ်၊ ပါးပါးစိတ်တွေ ရူပ်ထွေးနေချိန်မို့ ပါးပါး ငေါက်မိတာပါ ၊ ပါးပါး တောင်းပန်ပါတယ်သားရယ် ။ မျက်နှာငယ်လေးနဲ့ မဲ့ကျသွားသော သားကို ပွေ့ပိုက်..ရင်ခွင်ထဲ ထည့်ပြီး ကျောလေးကို အသာပွတ်ပေးရင်း ချော့နေမိသည်။ သားငယ် ဝမ်းနည်းသွားရှာမှာသိသည်၊ ပါးပါး မှာလည်း သားကိုပြောပြဖို့ အချိန်ယူနေရလို့ပါ။ ဘာမဟုတ်တဲ့ လူတယောက်ကြောင့် သားကို ပါးပါးဆူမိတာပါ၊ အမြဲ ပြုံးရွှင်နေတဲ့သားမျက်နှာလေး မဲ့ကျသွားတာ ၊ ပါးပါး ကမ္ဘာကြီး ပြိုကြတော့မယ်သားသားရယ်။ ပါးပါးစိတ်တွေလည်း မွန်းကြပ်လှပြီသားငယ်။

"သားသား မငိုပါနဲ့ ၊ နောက်ကြ သားသား ဒယ်ဒီအကြောင်း ပြောပြမှာပေါ့ နော်၊ သားသားက ဘာစားချင်လဲ ၊ ဘာလုပ်ချင်လဲ ပါးပါးကို ပြောပါ အသည်းလေးရ"

" ဟင်းအင်း ဘာမှမစားချင်းဘူး ၊ ဘယ်မှ မသွားချင်ဘူး ပြောပြ သားသားကို ခု ပြော"

" လာပါ...သားသားရဲ့ ဆေးလေးသောက်ပြီး...ပါးပါးရင်ခွင်ထဲ နားနေနော် သားငယ်...လာပါ ပါးပါး ချော့သိပ်မယ်...ပါးပါးကလေးက သိပ်ချစ်စရာကောင်းတာ ...."

ချစ်ခြင်းတို့အလွန် Where stories live. Discover now