အခန်း(၆)(Uni & Zawgyi)

Start from the beginning
                                    

"အေးဟေ့..."

ချမ်းမြေ့ ​ဆောင့်ဆောင့်အောင့်အောင့်ပင်ပြောပြီးဖုန်းချလိုက်ကာ အ၀တ်အစားအမြန်လဲပြီး လူကြီးများအားအကျိုးအကြောင်းပြောပြကာ အရှုပ်ထုပ်တစ်သိုက်ကို ခေါ်ရန်ထွက်လာခဲ့တော့သည်။  ထန်းပင်ကုန်းရွာနှင့် မုံရွာမြို့သည်
သိပ်အဝေးကြီးတော့မဟုတ်။ ဆိုင်ကယ်ဖြင့်သွားရင် ပုံမှန် လေးဆယ့်ငါးမိနစ်လောက်သာ။ ကျွန်တော်တို့လို  ယောကျာ်းလေးစီးနည်းဖြင့်
အမြန်ဆိုလျှင်တော့  နာရီ၀က်  မိနစ်နှစ်ဆယ်ဆိုလျှင်ရောက်သည်။ ဒါတောင် သကောင့်သမီးကမြန်မြန်လေးဆိုပဲ။ ဒီထက်သာမြန်ချင်ရင်တော့ ဆိုင်ကယ်မှောက်သေလို့ ရေဝေးရောက်ရုံသာရှိတော့မည်။

မုံရွာမြို့သည် နယ်မြို့ဖြစ်သည့်အလျှောက် ဆိုက်ကယ်များသာ အများဆုံးအသုံးပြုကြသည်။ အဘိုးအိမ်မှာလည်း ဆိုင်ကယ်ပင်ရှိတာကြောင့် ချမ်းမြေ့လည်း cyclone ဆိုင်ကယ်လေးကိုသာယူ၍ ထွက်လာခဲ့လိုက်တော့သည်။ မန္တလေးသားဖြစ်သည့်အတွက် ဆိုင်ကယ်မစီးတတ်မှာတော့မပူရပါ။ ဒီ့အပြင်  ဟိုတစ်သိုက်လည်း ဆိုင်ကယ်ဖြင့်သာလာကြသည်ထင်သည်။ မန္တလေးမြို့နှင့်မုံရွာမြို့သည် ဘယ်လောက်မှမဝေးသည့်အနေအထားပင်မဟုတ်လား။

ချမ်းမြေ့လည်းဆိုင်ကယ်ကိုပုံမှန်ထက်အနည်းငယ်မြန်မြန်စီးပြီး  ဟိုအရှုပ်များရှိရာ ကန်သာယာသို့သာထွက်လာခဲ့သည်။
ဖုန်းချပြီးချင်း messageပို့တာများ "ကန်သာယာကပဲစောင့်မယ်"တဲ့။ ဘယ်နှယ့် မန္တလေးကဆင်းလာတဲ့သူတွေက ကန်သာယာကစောင့်မယ်ဆိုတော့.....ဒီသုံးကောင်တော့လား.....

ကန်သာယာဘက်ရောက်တော့ တွေ့ပါပြီ စပ်ဖြီးဖြီးနဲ့လက်လှမ်းပြနေတဲ့သုံးကောင်ကို. အခွက်တွေကိုက ဖြတ်ရိုက်ချင်စရာကြီးပဲ။ဒီ့အပြင်

"ဟေ့..သားကြီး ငါတို့ဒီမှာ" ဆိုတဲ့  ဟန်ငြိမ်းရဲ့ငှက်ဆိုးထိုးသံကြီးကလည်းနားထဲကန့်လန့်။

"အေး အရှုပ်တွေ မြင်တယ်ဟ မြင်တယ်"

ကန်ဘေးထိုင်နေတဲ့လူတွေနဲ့  ဖြတ်သွားဖြတ်လာတွေကိုလည်း မရှက်နိုင်  စိတ်ပျက်သံကြီးနဲ့သာပြောမိပါသည်။ သေချာသည် ခုချိန်ကိုယ့်မျက်နှာကိုကြည့်မိရင်လည်း ...ဘီလူးမသံပရာသီးစားထားသလိုဖြစ်နေမယ်ဆိုတာ.......

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now