Chapter(83):ဝင်ခွင့်စာမေးပွဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2

Start from the beginning
                                    

သို့သော်လည်း ယွီဂျင်လီကိုတော့ ဗလာကတ်တစ်ကတ်လေးကိုသာ စီစဉ်ပေးထားခဲ့တယ်။ လီရီရီရဲ့ရည်ရွယ်ချက်တွေက သိသာလွန်းနေတယ်။

ရှုလင်းတစ်ယောက် မတတ်နိုင်ပဲ ယွီဂျင်လီအတွက် သက်ပြင်းတစ်ချက်ကို ချလိုက်မိတယ်။

သူမယွီဂျင်လီကို အရမ်း သနားဂရုဏာသက်မိသော်ငြားလည်းပဲ သူ့ကို ကာကွယ်ဖို့အတွက် သူမ မတိုက်ခိုက်ပေးနိုင်ပါဘူး။ လီရီရီက ဘာလို့ဒီကောင်လေးကို အရမ်းမုန်းတီးနေရသလဲဆိုတာကို သူမ မသိချင်မသိလောက်ပေမဲ့ လီရီရီရဲ့မိသားစုနောက်ခံက သူမဆန့်ကျင်နိုင်တဲ့အရာတစ်ခု မဟုတ်ဘူး ဆိုတာကိုတော့ သူမသိတယ်။

ယွီဂျင်လီက ကတ်လက်မှုအတတ်ပညာရပ်မှာ အမှန်တကယ် ပါရမီပါလာပြီးတော့ အောင်မြင်နိုင်ပါစေလို့ပဲ ရှုလင်းတစ်ယောက် မျှော်လင့်နိုင်တော့တယ်။

ပတ်ဝန်းကျင်ကို အချိန်ခဏလောက် လေ့လာကြည့်ပြီးတဲ့နောက်မှာ ယွီဂျင်လီတစ်ယောက် စစ်ဆေးအခန်းထဲမှာ လျို့ဝှက်ကင်မရာတွေ ရှိနေတယ်ဆိုတာကို စူးရှထက်မြက်စွာ တွေ့ရှိသွားခဲ့တယ်။ သူ့ကို စောင့်ကြည့်နေတဲ့လူတွေ ရှိနေတယ်ဆိုတာကို နားလည်သဘောပေါက်သွားတာကြောင့် သူ့ခေါင်းလေးကို စောင်းလိုက်ရင်း ဘာစွမ်းအင်ကတ်အမျိုးအစားမျိုးကို ပြုလုပ်ရမလဲဆိုတာကို စတင်တွေးတောနေမိတယ်။

"အချိန်အရမ်းကြာနေပြီကို သူက အခုထိ စတောင်မစတင်ရသေးဘူး။ သူက တိုက်ရိုက်အရှူံးပေး လက်လျှော့လိုက်ဖို့ တွေးတောနေတာများလား?" လီရီရီက ထေ့ငေါ့ လှောင်ပြောင်ပြောဆိုလိုက်တယ်။ သူမပြောခဲ့တဲ့အတိုင်းပဲ အတွေ့အကြုံမရှိတဲ့ အမွေးထူ ကောင်လေးတစ်ကောင်က စွမ်းအင်ကတ်ကို ဘယ်လိုလုပ်ပြီးတော့ ပြုလုပ်နိုင်မှာတဲ့လဲ? ရိုးရိုးရှင်းရှင်းကိုပဲ စိတ်ကူးယဉ်မှုလေးတစ်ခုပါပဲ။

ဒါ့အပြင် အဲ့ကောင်လေးကို ကြည့်ရတာ သူက တမင်သက်သက် အချိန်ကို နှောင့်နှေးအောင်ပြုလုပ်ဖို့ ကြိုးစားနေသလိုမျိုးပဲ။ ပြီးတော့ ရလဒ်အနေနဲ့ကတော့ လူတိုင်းရဲ့အချိန်တွေကို ဖြုန်းတီးပစ်နေတာပဲ အဖတ်တင်တယ်။ အစကတည်းက သူ့ကို ဒီစစ်ဆေးမှုမှာ ပါဝင်ခွင့်မပြုဖို့ သူမ အခိုင်အမာကို ပြောဆိုခဲ့သင့်တာ။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now