Chapter(83):ဝင်ခွင့်စာမေးပွဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2

Comincia dall'inizio
                                    

တကယ့္ကို ရယ္ဖြယ္ရာပဲ။

စစ်ဆေးမှုဖြစ်စဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ကျောင်းက ကျောင်းသားတွေ ကတ်တွေကို ဖန်တီးနိုင်အောင်လို့ သီးသန့်အခန်းတစ်ခန်းစီကို ပြင်ဆင်ထားပါတယ်။ တစ်ဖက်တွင် ဒီနေရာက စွမ်းအင်ကတ်တွေ တီထွင်ဖန်တီးရာမှာ အာရုံစိုက်နိုင်အောင်လို့ ကျောင်းသားအတွက် တိတ်ဆိတ်ငြိမ်သက် အနှောင့်အယှက်ကင်းတဲ့ နေရာတစ်ခုကို စီစဉ်ပေးထားတာဖြစ်တယ်။ တစ်ခြားတစ်ဖက်တွင် တီထွင်ဖန်တီးခြင်း ကျရှူံးမှုရလဒ်အနေနဲ့ ပေါက်ကွဲထွက်မှုလိုမျိုး မတော်တဆမှုတွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ထိခိုက်ခြင်းမှ တားဆီးကာကွယ်နိုင်အောင်လို့လည်း ဖြစ်တယ်။

အဲ့အချိန်မှာ ယွီဂျင်လီမှလွဲ၍ လူတိုင်းက ကင်မရာမော်နီတာမှတစ်ဆင့် အပြင်ဘက်ကနေ စောင့်ကြည့်နေကြတဲ့အချိန်မှာ ယွီဂျင်လီကတော့ စမ်းသပ်စစ်ဆေးခန်းတွေအထဲက အခန်းတစ်ခန်းအထဲမှာ တစ်ယောက်တည်း ရှိနေခဲ့တယ်။

စစ်ဆေးခန်းအထဲမှာ ကုလားထိုင်တစ်လုံး၊ စားပွဲတစ်လုံးနဲ့ စားပွဲပေါ်မှာ F-level ဗလာစွမ်းအင်ကတ်တစ်ကတ်သာ ရှိပြီးတော့ အမှန်တကယ်ကို အလွန်ရိုးရှင်းပါတယ်။

စစ်ဆေးခန်းရဲ့ရိုးရှင်းတဲ့အပြင်အဆင်က မတော်တဆ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ပျက်စီးဆုံးရှူံးမှုဒဏ်မှ ကာကွယ်နိုင်အောင်လို့ ဖြစ်နိုင်တယ်။

ယွီဂျင်လီက ဗလာစွမ်းအင်ကတ်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပေမဲ့ ချက်ချင်း မစတင်သေးပါဘူး။ အဲ့အစား သူဘေးပတ်ပတ်လည်ကို သိချင်စိတ်ပြင်းပြစွာ လျှောက်ကြည့်နေမိတယ်။

ကင်မရာမှ စောင့်ကြည့်နေရင်းကနေတစ်ဆင့် ဗလာကတ်တစ်ကတ်သာ ရှိနေတယ်ဆိုတာကို ရှုလင်းတစ်ယောက် မြင်လိုက်ရပြီးတော့ မတတ်နိုင်ပဲ စစ်ဆေးမှုပြင်ဆင်ရေး တာဝန်ခံဖြစ်တဲ့ လီရီရီကို တစ်ချက်စောင်းငဲ့ကြည့်လိုက်မိတယ်။

ပုံမှန်အားဖြင့်ဆိုရင် စာမေးပွဲလာရောက်ဖြေဆိုကြတဲ့ လူသစ်လေးတွေအတွက် ဗလာစွမ်းအင်ကတ်သုံးကတ်ကို စီစဉ်ပေးထားတာ ဖြစ်တယ်။ အဆုံးသတ်မှာတော့ နှစ်ပေါင်းများစွာကြာအောင် အသက်မွေးဝမ်းကျောင်းမှု ပြုလာခဲ့ကြတဲ့ လက်မှုပညာသည်ဆရာတွေတောင်မှ တစ်ယောက်ကမှ သူတို့ရဲ့ပထမဦးဆုံးအကြိမ် ကြိုးစားမှုမှာ ၁၀၀% အောင်မြင်မှုရရှိလိမ့်မယ်လို့ အာမမခံနိုင်ကြပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Dove le storie prendono vita. Scoprilo ora