7. အလုပ်

Start from the beginning
                                    

'ကျင်းကျန် ဆက်နွယ်သားရဲ ပြုစု​စောင့်​ရှောက်မှု စင်တာ"

သူလက်ထဲက​ ​ကြောင်ကို ချက်ချင်း ကြည့်လိုက်ပြီး သူ့မျက်လုံးများ က သိချင်စိတ် အပြည့်ဖြစ်​နေသည်။

အဲ့ဒါဆို သူ ကြားလိုက်ရတာ အမှန်ပဲ​ပေါ့၊ အပြာ​ရောင် ဝတ်ထားတဲ့လူ ​က ပါရှန်သားရဲလို့ တကယ် ပြောလိုက်တာ။ ပါရှန် ​ကြောင် မဟုတ်ဘူး။

ယန်ရွှင် သူတို့ကို ဘယ်ဘက်က ဓါတ်​လှေကား စီးပြီး သုံးလွှာကို ​ခေါ်သွားခဲ့တယ်။

သုံးလွှာ​​ရောက်တဲ့ အချိန်မှာ ကြီးမားတဲ့ ခန်းမကြီး တစ်ခုရှိတယ်။ ခန်းမထဲမှာ တိရိစ္ဆာန် အ​သေး​လေး​​တွေနဲ့ လူ​တွေအပြည့် ရှိ​​နေသည်။ အများစုက 170cm က​နေ 185cm ရှိကြပြီး ​သူတို့ ဘေးနားမှာရှိတဲ့လူ အနည်းငယ်က 190cmထက် ရှည်ကြသည်။ သူတို့ နှစ်​ယောက်ဟာ အရမ်း ရင်းနီးစွာ ပြုမူနေကြသည်။

ခန်းမကို ဖြတ်သွားပြီး​နောက် ယန်ရွှင် တံခါးကို တွန်းဖွင့်ပြီး လမ်း​လျှောက်ဝင်သွားခဲ့သည်။

" ဒီ​​နေရာပဲ "

အထဲမှာ ပြင်ဆင်ထားပုံက ​ဆေးရုံနဲ့ ​တော်​တော် တူ​နေ​ပေမယ့် ​ဆေးရုံ ကုတင်​တွေ က ​ကြောင်​တွေနဲ့ ပိုသင့်​တော်သည်။ ယန်ရွှင် အကြံ​ပေးချက် အတိုင်း ရှဲ့စန်းက ​ကြောင်ကို ​ဆေးရုံကုတင်​​ပေါ် တင်လိုက်သည်။

ယန်ရွှင် အကျင့်စရိုက် က နူးညံ့သိမ်​မွေ့​ပေမယ့် အလုပ်လုပ်တာ ​တော်​တော်မြန်သည်။ သူက စိတ်ပူ​နေ​သော အပြာ​ရောင် ဝတ်ထားတဲ့လူကို ရလဒ်​ ပြောပြလိုက်သည်။

"ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး၊ ခန္ဓာကိုယ် အပူချိန် နည်းနည်း မြင့်​နေတာပါ ၊ သူ့ကို ​ပွေ့ထားတာပြီး​ နေတာကို မကြိုက်ဘူး၊ ကျယ်ဝန်းပြီး ​လေဝင်​လေထွက်​ ကောင်း​ကောင်းနဲ့ ​အေးမြတဲ့​ နေရာမှာ ​နေချင်နေတယ်၊ မင်းတို့ ဆက်နွယ်ပြီးသွားရင် သူ​ နေ​ကောင်းသွားပါလိမ့်မယ်"

"အင်း ၊ အင်း၊ မှန်တယ်၊ ​အရမ်း ကျေးဇူးတင်ပါတယ်"

ယန်ရွှင် ၊"သူ့အကာင်းဆုံး အ​ခြေအ​နေ အမြန်ပြန်​ရောက်​အောင် ပြုစု​စောင့်​ရှောက်သူ က ဂရုစိုက်​​​ပေးလိမ့်မယ်၊ မင်း မနက်ဖြန် သူနဲ့ ဆက်နွယ်ဖို့ ကြိုးစားသင့်တယ်"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now