7. အလုပ်

Start from the beginning
                                    

"သူက မင်းကို မကြိုက်တာ မဟုတ်ပါဘူး၊ သူ့ခန္ဓာကိုယ် က သက်​တောင့်သက်သာ မရှိလို့ ဖြစ်နိုင်တယ် "

​ပြောပြီး​​နောက်မှာ သူက ရှဲ့စန်းကို ကြည့်ပြီး

" ဟယ်လို ၊ ကျွန်​တော့် နာမည်က ယန်ရွှင် ပါ ကျွန်​တော် က 'ကျင်းကျန်' က မန်​နေဂျာပါ၊ ​ကျေးဇူးပြုပြီး ကျွန်​တော်တို့ ကို ကူညီ​ပေးလို့ ရမလား၊ ​ကျေးဇူးပြုပြီး ​​ကြောင်ကို ကျွန်​တော်တို့ရဲ့ ပြုစု​စောင့်​ရှောက်တဲ့​ နေရာစီ ​ခေါ်လာ​ပေးပါ၊ ကျွန်​တော် သူ့ခန္ဓာကိုယ် ကို စစ်​ဆေးဖို့ လို​​နေလို့" ​​ကြောင်ကို ညွှန်ပြပြီး ​ပြောလာတယ်။

ရှဲ့စန်း ​ခေါင်းညိတ် အ​ဖြေ​ပေးလိုက်က်ပြီး ​ကြောင်ကို​ ပွေ့ယူလိုက်သည်။ ​ကြောင်​လေးက ပို​ပျော့​ပြောင်းသွားပြီး သူနဲ့ ပိုထိ​တွေ့ချင်​နေတဲ့ပုံ​ ပေါ်သည်။

ယန်ရွှင်က ​ကျေးဇူးတင်လိုက်ပြီး သူ ဦး​ဆောင်၍ ​ခေါ်လာခဲ့သည်။ ရှဲ့စန်းနဲ့ အပြာ​ရောင် ဝတ်ထားတဲ့လူ နှစ်​ယောက် ​ဘေးချင်းယှဥ်​ လျှောက်လာပြီး အခြားတစ်​ယောက်က​တော့ မနာလိုမှု အပြည့်နဲ့ ဖြစ်​နေသည်၊ ​ကြောင်​လေးက ရှဲ့စန်းရဲ့ လက်​မောင်း ကို ​​ခေါင်းအုံးပြီး ​သူ့ကို ပျော့​ပြောင်း နူးညံ့တဲ့ အသံ​လေး​ပေး​နေသည်။

အပြာ​ရောင်ဝတ်ထားတဲ့လူက စိတ်လှုပ်ရှားစွာနဲ့ "သူ ကျွန်​တော့် ကို အသံ​ပေး​နေတယ်၊ သူ ကျွန်​တော့်ကို ကြိုက်တယ်"

ရှဲ့စန်း အံကြိတ်ပြီး မရယ်မိ​အောင် ထိန်းထားသည်၊ ဒီလူက တကယ့်ကို ​ကြောင်ရဲ့ အခိုင်းအ​စေပဲ။ ပြုစု​စောင့်​ရှောက်​ရေးစင်တာကို ​ရောက်ဖို့အချိန်အကြာကြီးမလိုဘူး၊ ပြူစု​စောင့်​ရှောက်​ရေးစင်တာ ဆိုတာ သူ့အရင် ဘဝက တိရိစ္ဆာန်​ဆေးခန်းနဲ့ အတူတူပဲလို့ ​တွေးခဲ့​ပေမယ့် ဒီ​လောက်အထိ ကြီးမားကျယ်ပြန့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ရဲတိုက် နဲ့ တူတယ်။

အရင် သူလမ်း​မ​ပေါ်မှာ ဖြတ်သွားခဲ့တဲ့နံရံ အများစုကို စင်တာက ပိုင်တယ်။ သူတံခါးက​နေ မဝင်ခင် တံခါးအလယ်မှာရှိတဲ့ ​ကျောက်ပြားကို ကြည့်လိုက်သည်၊

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now