Jungkookသိပါသည်။ အခုရက်ပိုင်းအခမ်းအနားကိစ္စအားအကြောင်းပြကာKim စီမသွားမိသည်မှာရက်အနည်းငယ်တောင်ရှိရော့မည်။ တွေ့ချင်လွန်း၍ချက်ချင်းပင်ပြေးသွားချင်သော်လည်း Woojin ၏ညီမဖြစ်သူBoraက 'Jungkook oppa သူ့စိတ်ကိုစမ်းသပ်ကြည့်သင့်တယ်' ဟုပြောလာသဖြင့်စမ်းသပ်နေခြင်း။ အတိအကျဆိုရလျှင်သဝန်တိုအောင်လုပ်ပြီး Kimရဲ့ကိုယ့်အပေါ်ထားတဲ့ခံစားချက်ကိုသိအောင်လုပ်နေခြင်းသာ။ Boraပြောသလိုမဖြစ်ရင်Boraအားနိုင်ငံခြားသို့ပြန်ကန်ထုတ်ရန်တွေးတောနေမိသည်။ သူငယ်ချင်းအားဘေးမှာထားကာ သူငယ်ချင်း၏ညီမဖြစ်သူအားကန်ထုတ်ရန်တွေးနေသောJungkookကြီးပါလေ။

At 6:00PM
Jeonစံအိမ်တော်ကြီးသို့တဖွဲဖွဲကျရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များနှင့်သတင်းထောက်များ။ သတင်းထောက်တစ်ချို့သည်လည်းလုပ်ငန်းနှင့်သက်ဆိုင်ရာပစ္စည်းများအားပြင်ဆင်၍နှစ်ပတ်လည်အခမ်းအနားအကြောင်းအား ပုံစံအမျိုးမျိုးဖြင့်သတင်းဌာနသို့ပေးပို့လျက်။ သတင်းမီဒီယာချန်နယ်တွေတိုင်းဟာလည်း ထိုအ​ကြောင်းအရာများကိုသာခေါင်းစဥ်အမျိုးမျိုးဖြင့်ကြေညာလျက်ရှိသည်။

နှစ်ပတ်လည်အခမ်းအနားသောတက်ရောက်သောလူများ၏အပြင်အဆင်မှာဂုဏ်ရှိကြောင်းသိသာစေရန်စိန်၊ရတနာ၊ကျောက်၊ပတ္တမြားတို့ဖြင့်သာပြုလုပ်ထားသော ဆွဲကြိုး၊လက်စွပ်၊ရင်ထိုး အစရှိသည့်တန်ဖိုးကြီးအရာများကိုသာဆင်မြန်းထားပြီး ပွဲတက်ဝတ်ဆုံအသစ်အဆန်းများဖြင့် အပြုံးတစ်ခုအားချိတ်ဆွဲကာJeon groupရဲ့ဥက္ကဌကြီးJeonထံသို့ သွားရောက်နှုတ်ဆက်ကြသည်။

ထိုစဥ်အခမ်းအနားအတွင်းသို့ရောက်လာသောBMWကားနက်ကြီးတစ်စီး။ ထိုကား၏ပိုင်ရှင်မှာမည်သူဖြစ်မှန်းသိနေသောလူတစ်ချို့ကတော့အံသြလျက်။ Kim Groupရဲ့လက်ရှိCEOကဒီလိုပါတီပွဲမျိုးကိုလာတယ်!!

ကားပေါ်ကဆင်းလာသောကြွေရုပ်ငယ်၏အပြင်အဆင်မှာရိုးရိုးရှင်းရှင်းသာ။ အောက်ခံအဖြူရောင်Shirtအပေါ်၌ အညိုရောင်Long coatအားဝတ်ဆင်ထားပြီး one-setအနေဖြင့် အညိုရောင်စတိုင်ဘောင်းဘီအရှည်အားဝတ်ဆင်ထားသောထိုလူသား၏အပြင်အဆင်မှာ ရိုးရှင်းပေမဲ့တန်ဖိုးမြင့်သည့်ရတနာတစ်ပါးကဲ့သို့။ အခြားသူများကဲ့သို့စိန်၊ရတနာများကိုယ်ပေါ်၌သီနေအောင်မဆင်မြန်းထားသော်လည်း လည်တိုင်ကျော့ကျော့ပေါ်၌ရောက်ရှိနေသောကျောက်စိမ်းသီးဆွဲကြိုးလေးမှာထိုလူသားနှင့်လိုက်ဖက်သည်ဟူသောစကားလုံးအားကျော်လွန်၍။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Nơi câu chuyện tồn tại. Hãy khám phá bây giờ