အပိုင်း (၄၁)

Start from the beginning
                                    

——————————————————————————

အစ်ကိုတည်မြဲ ...ရောက်တာ ကြာပြီလားဗျ"

"လာ ကောင်းပြည့်...နေ့လည်ကရောက်တာ ၊ ဒီမှာ အစားပုပ်လေး အိပ်နေတယ် ညနေကြလည်လည်ထွက်မယ်ပြောပြီးမှ ...လာထိုင်"

"အစ်ကို ဘာတွေလုပ်နေလဲ၊ ဒီအခေါက် ကြာမှာလား ဒီမှာနေဖို့ "

"အစ်ကို ခဏပဲ အလုပ်ကိစ္စနဲ့လာတာ ပြီးရင် ပြန်မှာ၊ ဒါနဲ့ ကောင်းပြည့်တို့သားအဖတွေ အဆင်ပြေရဲ့လား ဒီအိမ်မှာနေနေရတာ ၊ ဧကရီတို့အိမ်ကြီးဘက် ပြောင်းနေပါ့လား ၊ ကောင်းစစ်လေးက ငယ်သေးတော့ မသိတဲ့ဘေးသူစိမ်းတွေ လာရင် အန္တာရာယ်များတယ်လေ ...ဒါကို တွေးကြည့်ပြီး ဟိုဘက်အိမ်ကြီး ပြောင်းနေပါ့လား ဟင်"

"ရပါတယ် အစ်ကိုရ၊ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်လေးမှာ နေသားကျပါပြီ ၊ ဘာအန္တာရာယ်မှလည်းမရှိပါဘူး၊ ဘေးသူစိမ်းဆို အနားမကပ်ဖို့ သားကို ကျွန်တော်သေချာမှာထားတယ် အစ်ကိုရ၊ အစ်ကိုက စိုးရိမ်လွန်နေပါပြီ၊ ကျွန်တော်တို့သားအဖ အတွက်နဲ့ အစ်ကိုလည်း ဒုခအတော်ရောက်နေပြီ "

" ဘာဒုခမှမများဘူးပါဘူးဗျာ၊ဖြစ်နိုင်ရင် အစ်ကိုက ကောင်းပြည့်တို့နဲ့ တစ်အိမ်တည်း လာနေချင်တာ အလုပ်ကတဖက်နဲ့ဘယ်လိုမှ ညှိမရလို့သာ ၊ လာ ထိုင်....ညနေစာ ရတော့မယ်"

"အားနာစရာ ၊ အစ်ကိုကလည်း ညနေစာ ကျွန်တော်ချက်မှာပေါ့ဗျာ၊ ခရီးပမ်းလာတာ နားပါဗျ"

"အစ်ကိုက ကောင်းပြည့်တို့သားအဖအတွက် အားနာရမယ့်လူလား ဟင်၊ ဘယ်ချိန်ထိ ကိုယ့်ကို သူစိမ်းဆန်နေအုံးမလဲ၊ အားနာနေအုံးမှာလဲ "

အလုပ်ကိစ္စ projectတစ်ခုနဲ့ ကောင်းပြည့်တို့အနီးနားမြို့ကျလို့ ခဏ ဝင်လာမိတယ် အမောပြေ သားအဖဆီသို့။ အစ်ကိုက တဖက်သတ်အချစ်မို့လား မသိ ဘယ်တစ်ဖက်ကို သတ်ပြီး ကောင်းပြည့်လေး ချစ်ခြင်းကို ရယူရမလဲမသိနေတာ။ တဖက်သတ်အချစ်က အနာကျင်ရဆုံး၊ တဖက်တည်းကပဲ ချစ်ပြီး ၊ တဖက်တည်းပဲ ပေးဆပ်ချစ်ပြနေရတာ၊ အဲ့တစ်ဖက်တည်းက ပဲ နာကျင်ခံစားနေရတာ။ တချို့သော တဖက်သတ်အချစ်တွေက ထုတ်ဖော်ပြသခွင့်ရပေမယ့်၊ အစ်ကိုရဲ့ တဖက်သတ်အချစ်ကတော့ ပွဲစကတည်းက ပြသခွင့်မရ၊ ထုတ်ပြခွင့်မရှိ။ စည်းတွေဘောင်တွေထဲက အချစ်ကမှ သူပြိုင်ကိုယ်ပြိုင် ထိုးသတ် ထွန်းဖောက်ချစ်ပြခွင့်ရအုံးမယ်၊ ပြိုင်ဆိုင်အနိုင်ယူရအုံးမည်။ အစ်ကိုအချစ်က တိတ်တိတ်လေးဆိုမှ တကယ့် တိုးတိုးတိတ်တိတ် လေးနဲ့ တိတ်တဆိတ်ပေးဆပ်ချစ်ရတဲ့ ချစ်ခြင်းမေတ္တာမျိုး။ ဒါပေမယ့်ကျေနပ်တယ် အစ်ကိုချစ်တဲ့လူသားလေး ဒီကမ္ဘာမှာ သူ့သားလေးနဲ့ ပြုံးနေရတာမြင်ခွင့်ရလို့၊ အစ်ကိုပျော်တယ် ။ကိုယ့်ချစ်တဲ့လူသားလေးတို့ အနား မပိုင်ဆိုင်ရပေမယ့် တခဏ နေထိုင်ခွင့် ဧည့်သည်မှတ်တမ်းကဒ် ကိုင်ဆောင်ခွင့်ရလို့၊ ဒီလူသားလေး အနား ဝင်ထွက်သွားလာပြီး ဖြည့်ဆည်းပေးရလို့။ ဖော်ပြခွင့်ရသည်ဖြစ်စေ၊ ထုတ်ဖော်ခွင့်မရသည်ဖြစ်စေ အစ်ကိုချစ်တယ်။ ပိုင်ဆိုင်ခွင့်မရပေမယ့် အစ်ကိုမေတ္တာရိပ်အောက်မှာ အစ်ကိုချစ်သောသူတို့ လေးတွေ အေးချမ်းနေတာ မြင်ရတာ လပြည့်ညက ထိန်ထိန်သာနေတဲ့ လပြည့်မင်းကို ထိုင်ကြည့်နေသလိုပဲ၊ သိပ်အေးချမ်းတာ။ သိလှတဲ့ပန်းချီကားထဲ ကိုယ်ပါဝင်ရပ်တည်ခွင့်မရှိပေမယ့် သိပ်တန်ဖိုးရှိတဲ့အရာမို့ အနားမှာနေရင်းစောင့်ရှောက်ခွင့်ရမည်မဟုတ်လား၊ ဒါ ကျွန်တော် ချစ်ခြင်း မေတ္တာမည်၏။

ချစ်ခြင်းတို့အလွန် Where stories live. Discover now