ရွှေဆိုင်ရှေ့မှာတော့ ခိုတစ်အုပ်ကို အစာထွက်ကျွေးနေသော ရှင်းခန့်မောင်အား တွေ့လိုက်ရ၏။တွေ့နေကြပုံစံအတိုင်း အထက်အောက်အပျော့သား​ နီညိုရောင်ပြောင်ဝတ်စုံလေးဖြင့်ဖြစ်သည်။​မနက်တိုင်း ဆွမ်းလောင်းလေ့ရှိသူမို့ အခုလည်းဘေးရှိခုံတန်းပေါ်၌ ဟင်းပန်းကန်တွေ အစီအရီတင်ထားလေသည်။ဆွမ်းခံစောင့်လောင်းရင်း ခိုတွေကို အစာကျွေးတက်တာက ရှင်းခန့်၏နေ့စဥ်အလုပ်တစ်ခု..။အခုလည်း ခိုတွေ သူ့ခြေရင်းမှာဝိုင်းပတ်လို့။အိပ်ရာနိုးခါစမို့ထင်သည် မျက်ရစ်မရှိတဲ့မျက်လုံးလေးတွေက အနည်းငယ်မို့အစ်နေ၏။ဆိုင်းလော့ဒ် ဘာရယ်မဟုတ်မြင်ကွင်းကို ငေးကြည့်နေမိတုန်း ရှင်းခန့်က သူရှိရာသို့စောင်းငဲ့ကြည့်လာလေသည်။နှစ်ယောက်သား အမှတ်တမဲ့ အကြည့်ချင်းဆုံနေမိကြပြီး ရှင်းခန့်ကသာ ဦးအောင်အကြည့်လွှဲသွားလေ၏။မျက်လုံးချင်း တည့်တည့်ဆုံတာတောင်မှ ခံစားချက်မဲ့စွာ အပြောင်းအလဲမရှိတဲ့ မျက်နှာထားက ဟိုတုန်းက တစ်ခါမှမသိခဲ့ကြဖူးတဲ့သူစိမ်းတွေအတိုင်း..။

ရှင်းခန့်၏ အပြုအမူကြောင့် စိတ်ထဲခိုးလို့ခုလုဖြစ်သွားရပေမဲ့ အကြည့်လွှဲရင်း ခြေလှမ်းကိုဆက်လှမ်းလိုက်၏။တကယ်လည်း ရှင်းခန့်မောင်ဆိုတာ သူမပတ်သတ် မဆက်စပ်ချင်တဲ့ အရိပ်ဆိုးတစ်ခုပဲ။သူ့အတွက် သိမ်ငယ်စေတဲ့ရပ်ဝန်းတစ်ခုဖြစ်သလို သူ့ရဲ့စိတ်ဒဏ်ရာတွေကို အသစ်တဖန်တူးဆွခဲ့သူလည်း ဖြစ်သည်။ဒီလူဟာ သူဖျောက်ဖျက်လိုက်သင့်တဲ့ စက်ဆုပ်စရာမှတ်ဉာဏ်တစ်ခုပဲ...။

!တင်ရှိနေသမျှ ကျေးဇူးကြွေးတွေကိုရှင်းလင်းနိုင်ပြီး ဒီလူ၏အရိပ်ဆိုးဆီမှ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့သာ ရည်စူးမိ၏...!

                  ~~~~

"မနက်ဖြန် offမယ်နော်..."

ဆိုင်းလော့ဒ် ဂျာကင်ကိုဆွဲဝတ်ရင်းပြောတော့ ဝသုန်ကလှမ်းကြည့်လာပြီး

"နားရက်ကျတစ်ခါတောင် မမေ့ဘူးနော် အပြီးသာနားလိုက်ပါလား..."

ရွဲ့ပဲ့ပြောသော ဝသုန့်စကားကြောင့် ဆိုင်းလော့ဒ် ခပ်ဟဟရယ်ပြီးတော့မှ...

Wild  Rose(complete)Where stories live. Discover now