"နင်အချိန်ရလား......ငါတခုခုလိုက်​ကျွေးမယ်​​လေ....."

စဥ်းစား​နေတုန်း ထူးမြတ်ပိုင်မှ ဝင်​ပြောလိုက်သည်။

"အင်း....ငါလား ရပါတယ် .....ဒီနားကတဆိုင်ဆိုင်သွားကြမယ်​လေ  ငါလဲ နင့်ကို​မေးစရာ​လေး​​တွေရှိလိူ့......"

ထို့​နောက် ရိပ်နှင့်ထူးမြတ်ပိုင်တို့  ​ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်။

"ကြာရိပ်ချို.....ငါ​မေးချင်တာ​တွေ​မေးလို့ရမလား......"

ထူးမြတ်ပိုင်ကပဲ စကားစလိုက်သည်။ထူးမြတ်ပိုင် ဘာ​တွေ​မေးမလဲဆိုတာ ရိပ်​တွေးကြည့်တာနှင့်သိပါသည်။

"အင်း.....နင်ဘာ​တွေသိချင်လဲ ငါသိပါတယ် .......​မေးပါ ရပါတယ်......"

ဒီအ​ကြောင်း​တွေကိုအစပြန်မ​ဖော်ချင်​ပေမယ့် အဖြစ်မှန်ကိုသိရဖို့ဆိုရင် ဒီလိုအစ​ဖော်မှသာ ရ​တော့မည်။

"နင်နဲ့မိုးမြင့်စံ.....ဘာ​တွေဖြစ်ကုန်တာလဲ.....မျက်စိ​ရှေ့တင် အ​ဖြစ်အပျက်​တွေက ငါ​တောင်မယုံနိုင်ဘူး.....နင်မလုပ်ဘူးဆိုတာ​တော့ ငါယုံတယ်....နင်ကအဲ့လိုလူမျိုးမှမဟုတ်တာ......နင်​ရော  ​နောက်ကွယ်ကဘယ်သူဆိုတာ သိလား....."

စားပွဲထိုး​လေး လာချ​ပေးတဲ့​ကော်ဖီတစ်ခွက်ကို  တစ်ငုံ​သောက်ရင်း သိချင်တာကို ထူးမြတ်ပိုင် ​မေးလိုက်​တော့သည်။

"ငါ​သိရင် ငါ့ဘဝဒီလိုဖြစ်​နေပါ့မလားဟာ......​ကျောင်းကလဲ တာဝန်မယူ​ပေး​တော့ လူ​တွေအားလုံးက ငါပဲထင်​နေကြတာ...ငါဒီကိစ္စကိုစုံစမ်းဖို့ ​တွေး​နေတာ....နင်နဲ့​တွေ့တာ အ​တော်ပဲ........နင်​ရော ဘာ​တွေလုပ်​နေလဲဟင်... မိုးကုတ်ကိုလာတာက​ရော ဘာကိစ္စလဲ....."

"ငါ အခုရဲမှူး ဖြစ်​နေပီဟ......တာဝန်ကျလို့  မိုးကုတ်ကို​ပြောင်းလာတာ.....ငါစုံစမ်း​ပေးမယ်​လေ ဒီကိစ္စကို...နင်နဲ့မိုးမြင့်စံ ကူညီခဲ့တဲ့ ​ငွေအစား  နင့်သိက္ခာနဲ့ မိုးမြင့်စံအတွက် အမှန်တရားကို ငါပြန်ရှာ​ပေးမယ်........"

ထူးမြတ်ပိုင်က ရဲအရာရှိတစ်​ယောက်ဖြစ်​နေတဲ့အပြင် စုံစမ်း​ပေးမယ်ဆို​သော​ကြောင့်  ရိပ်​ ​ပျော်ပါသည်။ဘာပဲဖြစ်ဖြစ် ဒီအထင်လွဲမှုကိုရှင်းရမည်။.....အထူးသဖြင့် ထက်စိတ်ထဲက အရာ​တွေ​ကို​ပေါ့။

ချစ်​သော.......Where stories live. Discover now