အပိုင်း(၁၀) Zawgyi

Start from the beginning
                                    

"ထိုင်ချင်ရင် အရှေ့ကမှတ်တိုင်မှာကတည်းလာစောင့်နေပေါ့...သူများထိုင်နေတဲ့နေရာကြီးကိုလာယူတယ်...&@#%€..."

နေရာဖယ်ပေးလိုက်ရသည့် ရှောင်းကျန့်က သိပ်တော့မကျေနပ်။ ၃ မှတ်တိုင်လောက်ကျော်လာသော်လည်း ထေ့ငေါ့ပြောနေတာမပြီးဆုံးသေး။ တခြားခရီးသည်တွေလည်း ရှောင်းကျန့်ကို ကန်ထုတ်ချင်နေတဲ့ အကြည့်ဖြင့် တစ်တောက်လျှောက်လုံးကြည့်နေတာကြောင့် ရှောင်းကျန့်လက်ကိုဝမ်ရိပေါ်ဆွဲပြီးနီးစပ်ရာကားမှတ်တိုင်တစ်ခုမှာဆင်းလိုက်ရသေးသည်။

ဒုတိယ ဘတ်စ်ကားပြောင်းစီးတော့လည်းထိုနည်းတူစွာ ရှောင်းကျန့်က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက်ကိုနေရာမှ ဖယ်မပေးလို၍ထိုအမျိုးသမီးရဲ့အမျိုးသားက ထထိုးချင်သည့်အရိပ်အယောင်တွေပေါက်နေခဲ့တာကြောင့် ဝမ်ရိပေါ်ပဲတောင်းပန်စကားဆိုခဲ့ရသည်။ ထို့ကြောင့် နောက်ဆုံးတော့လည်း အငှားကားတစ်စီးကို ငှား၍သွားလိုက်ရသည်။

"ရောက်ပြီ ဆင်းတော့..."

ဝမ်ရိပေါ်ခေါ်လာသည့်နေရာကို ရှောင်းကျန့်သိလိုက်ရသည်နှင့် ပျို့တက်လာကာ ချက်ချင်းပင်နောက်ပြန်လှည့်ဖို့ပြင်​၏။ ဝမ်ရိပေါ်က လှမ်းတားလိုက်ပြီး...

"ဘာဖြစ်လို့လဲ..."

"ဘယ်နေရာကြီးခေါ်လာတာလဲ..."

"theme park လေ..."

"မသွားချင်ဘူး..."

"ဘာလို့လဲ..."

"မသထီစရာလေးတွေ အများကြီးရှိတဲ့နေရာကိုဘာလို့ခေါ်လာတာလဲ...ငါ ခေါင်းနောက်တယ်..."

"ဝင်မကြည့်ရသေးဘဲနဲ့ ဘာလို့ အကြောက်အကန်ဖြစ်​နေတာလဲ..."

"ဝင်ကြည့်စရာမလိုဘူး ဒီလို ပိစိညောင့်တောင့်တွေလာတဲ့နေရာက ငါ့အတွက်မဟုတ်ဘူး...အခုချက်ချင်းပြန်လိုက်ပို့ပေး..."

"မပို့ပေးဘူး..."

"ဟိုကောင်လေး...! "

"မပို့ပေးနိုင်ဘူး...ရှောင်းကျန့်ပဲ ကျွန်တော့်ကိုအကြွေးမတင်ချင်ဘူးဆိုပြီး ဒီနေ့တစ်နေကုန်အချိန်ပေးမယ်လို့ပြောထားတာမဟုတ်ဘူးလား...ရှောင်းကျန့်ကပြောပြီးတဲ့စကားကို အဲ့လိုအလွယ်တကူလေးဖျက်တတ်တဲ့သူလား...ကျွန်တော်က ရှောင်းကျန့်ကို စကားတည်တတ်တဲ့လူတော်လူကောင်းတစ်ယောက်လို့ထင်ထားတာ..."

Healing A Broken SoulWhere stories live. Discover now