အပိုင်း(၆) Zawgyi

180 26 2
                                    

တစ်ပါးသူအိမ်မှာလာနေသည့် ဧည့်သည်တစ်ယောက်အနေနဲ့ အိမ်ရှင်ကိုစောင့်၍ညနေစာစားရမည်ဆိုတာကို ဝမ်ရိပေါ်ကောင်းကောင်းနားလည်သည်။

ထို့ကြောင့် အဆာလွန်နေပြီဖြစ်သော်လည်း ည ၈ နာရီရောက်သည့်တိုင် ဟင်းပေါင်းများစွာပြည့်လျှံနေသည့်ထမင်းစားစားပွဲတွင် တစ်စုံတစ်ရာကိုမှထိတွေ့ခြင်းမရှိသေးဘဲ အလုပ်ကပြန်ရောက်လာပြီဖြစ်သည့်အိမ်ကြီးရှင်ကိုထိုင်စောင့်လို့နေသည်။

သူထိုင်စောင့်နေသည့် ရှောင်းကျန့်က အိမ်ပြန်ရောက်နေတာ ၂ နာရီခန့်ရှိနေပြီဖြစ်သော်လည်း အိမ်ပေါ်ထပ်တက်သွားပြီးကတည်းက ပြန်ကိုဆင်းမလာတော့။

အလှပြင်နေတာလားလို့တွေးလိုက်တော့လည်း အလှပြင်စရာရော လိုလို့လားဆိုတဲ့မေးခွန်းကထပ်ဆင့်လိုက်ပါမိပြန်သည်။ အပေါ်ထပ်မတက်သွားခင်ဖြတ်ကနဲတွေ့လိုက်ရတဲ့ မျက်နှာလေးကတောင် ရှင်းသန့်နေတာ။ တစ်နေကုန်အလုပ်မှာ အချိန်ကုန်ခဲ့တယ်လို့ မထင်မှတ်ရလောက်အောင်ထိပင်။သူ့ကိုမမြင်ချင်ယောင်ဆောင်သွားပေမယ့် မနက်တုန်းကလောက်တော့ စိတ်ဆိုးနေပုံမရ။

နာရီဝက်ခန့်ထပ်စောင့်ပြီးသည့်အခါတွင်တော့ ထမင်းစားခန်းဘက်သို့ဦးတည်လာသည့် ခြေသံတချို့ကြောင့် ဝမ်ရိပေါ် ခန္ဓာကိုယ်ကိုပြင်ထိုင်လိုက်ကာ ခြေသံလာရာကို ကြည့်လိုက်သည်။

ညအိပ်ဝတ်ရုံနဲ့ဝင်လာသည့် ရှောင်းကျန့်​၏ပုံက ဝမ်ရိပေါ်အတွက်တော့ငေးကနဲ။ ဘောင်းဘီအရှည်ဝတ်ထားလင့်ကစား အပေါ်ပိုင်းတွင်တော့ ဝတ်ရုံရှည်တစ်ခုကိုသာ ခါးစည်းကြိုးကိုချည်နှောင်ထားခြင်းမရှိဘဲဒီတိုင်းခြုံလွှမ်းလာခဲ့တာဖြစ်သည်။ထင်းလင်းနေတဲ့အပေါ်ပိုင်းပုံရိပ်တို့ကြောင့် ဝမ်ရိပေါ်တစ်ကိုယ်လုံးရှိန်းကနဲဖြစ်သွားကာ သူ့အကြည့်တွေကိုမည်သည့်နေရာကိုပို့ရမည်မသိဖြစ်ရသည်။

ရှောင်းကျန့်​က သူ့လက်တစ်ဖက်ထဲမှာကိုင်လာသည့် ဝိုင်ပုလင်းနဲ့ ဝိုင်ဖန်ခွက်ကိုချလိုက်ရင်း တစ်ဖက်လက်မှာရှိနေသော tablet ကိုလည်း ထမင်းစားပွဲပေါ်တင်လိုက်သည်။ သူဝင်လာသည်နှင့် မီးဖိုချောင်အလုပ်သမားလေးတွေလည်း ဟင်းရည်များပြန်နွှေးနေ​၏။

Healing A Broken SoulWhere stories live. Discover now