အပိုင်း(၁၀) Zawgyi

Start from the beginning
                                    

မကြာမီ ဘတ်စ်ကားရောက်လာသည့်အခါ ရှောင်းကျန့်ကို အရင်တက်စေပြီး သူကတော့နှစ်ယောက်စာဘတ်စ်ကားခပေးပြီးမှလိုက်ပါခဲ့သည်။ ဘတ်စ်ကားပေါ်ရောက်ရောက်ချင်း ရှောင်းကျန့်လုပ်သည့်အရာက လွတ်တဲ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်ခြင်းဖြစ်သည်။

တစ်ခါမှ ဘတ်စ်ကားစီးဖူးပုံမရသည့် ရှောင်းကျန့်က သူ့အသားကိုလူတွေလာထိမှာ စိုးရွံ့နေသလိုပုံဖြင့်တစ်ကိုယ်လုံးကို ကျုံ့ပြီးထိုင်ကာ သူ့ဘေးနားကလူတွေကို ကြည့်ပြီးနှာခေါင်းရှုံ့သည်။ တစ်ကားလုံးမှာသူကလွဲလို့ကျန်တဲ့လူတွေက ရေမချိုးထားသည့်အတိုင်း။ဘေးခုံက အဘိုးကိုလည်း အားမနာစွာပြောလိုက်သေးသည်။

"ဟိုဘက်နည်းနည်းတိုးပါလား ချွေးစော်နံလို့..."

နောက်မှတ်တိုင်တစ်ခုရောက်လာသည့်အခါ ဘတ်စ်ကားပေါ်သို့ ခြေထောက်ဒဏ်ရာရထားသည့်လူတစ်ယောက်က ချိုင်းထောက်ဖြင့်ဖြည်းဖြည်းချင်းတက်လာသည်။

ရှောင်းကျန့်ထိုင်နေသည့်နေရာက အဘိုးအဘွား၊ ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းလူတွေအတွက် သတ်မှတ်ပေးထားသည့်နေရာဖြစ်တာကြောင့် ချိုင်းထောက်နဲ့လူက ရှောင်းကျန့်ကိုနေရာကနေဖယ်ပေးမည်အထင်ဖြင့် အားကိုးတကြီးကြည့်သည်။

ထိုအကြည့်တွေကို ရှောင်းကျန့်နားလည်ခြင်းမရှိနေရာမှာသာထိုင်မြဲထိုင်နေသည်။ ထိုအခါ ရှောင်းကျန့်အရှေ့မှာမတ်တပ်ရပ်နေသည့် ဝမ်ရိပေါ်က ကိုယ်ကိုကိုင်းညွတ်၍ ရှောင်းကျန့် နားရွက်ဖျားနားတွင် လေသံလေးဖြင့်...

"ဖယ်ပေးလိုက်ဦးလေ ရှောင်းကျန့်..."

"ဟင် ဘာလို့လဲ ငါတို့သွားရမယ့် နေရာရောက်လာပြီလား..."

"မဟုတ်ပါဘူး...ဘေးက ချိုင်းထောင့်နဲ့ဦးကြီးအတွက်နေရာဖယ်ပေးဖို့ပြောတာ..."

"ဘာဖြစ်လို့လဲ..."

"ရှောင်းကျန့်ထိုင်နေတဲ့နေရာက ဦးစားပေးထိုင်ခုံတွေလေ...ဦးကြီးက ခြေထောက်နာနေလို့ ထိုင်ခိုင်းလိုက်ဟုတ်ပြီလား..."

"ခြေထောက်နာရင် အိမ်မှာနေလေ...ဘာလို့ ကားလာစီးနေတာလဲ..."

ရှောင်းကျန့်စကားကြောင့် ဘတ်စ်ကားပေါ်က လူတွေအားလုံးရှောင်းကျန့်ကို ကြည့်လိုက်သည်။ ဝမ်ရိပေါ်လည်းဘေးကဦးကြီးကို အားနာစွာကြည့်လိုက်ပြီးရှောင်းကျန့်ကို လက်မောင်းကနေအသာဆွဲကိုင်ထစေလိုက်သည်။

Healing A Broken SoulWhere stories live. Discover now